အခုခေတ်စားနေတဲ့ အသံတွေပေးတဲ့ ဗီဒိုကြီးလိုပဲ ကိုယ်တွေ အရင်အိမ်မှာတုန်းက ရှေးဟောင်းဗီဒိုကြီးတစ်လုံးရှိတယ် ဘယ်သူမှလည်း အသုံးမပြုပဲထားတာ အဲ့ဗီဒိုကြီးကျတော့ အသံပေးတာ တင် မဟုတ်ဘဲ အနံ့ပါပေးတာ
အနံဆိုမှ တကယ်အပုပ်နံ့ ကြီးရတာ အစကတော့ ဘယ်ကပုပ်ဆော်နံမှန်းမသိသေးဘူး ရက်ကြာလာတော့ မခံမရပ်နိုင်အောင်ကို အပုပ်နံ့ကြီး ဆိုးဆိုးရွားရွား ရလာတော့တာပဲ အိမ်ထဲ ဟိုရှာဒီရှာနဲ့ နောက်ဆုံး ဗီဒိုကြီးဆီက ဖြစ်နေတာသိလိုက်ရတယ် ဖြစ်ချင်တော့ အဲ့အချိန်မှာ မိုးတွေကရွာ လေတွေကတိုက် အပြင်ဘက် မိုးရွာထဲမှာတောင် ခွေးအူသံတွေကလည်း ကြားနေရသေးတာ မှတ်မှတ်ရရပဲ ထုံးစံအတိုင်း မိုးသည်းလာတာနဲ့ မီးကလည်း ပျက်သွားပါလေရော
အဲ့တာနဲ့ပဲ လက်နှိပ်ဓာတ်မီးယူပီး ဗီဒိုကြီးရဲ့ တံခါးတွေကို ဆွဲအဖွင့် သရဲကားတွေထဲကလို ပက်တာတွေကလည်း ကြာပြီဆိုတော့ ကျွီအီအီ ဆိုတဲ့ အသံကြီးတွေထွက်လာတာ ကျက်သီးထစရာကြီးရယ် ဗီဒိုတံခါးဖွင့်ပြီး အထဲက အံဆွဲကြီးကို ဆွဲဖွင့် လက်နှိပ်ဓာတ်မီးနဲ့ ထိုးအကြည့် အမွှေးစုတ်ဖွားနဲ့ မည်းမည်းကြီးရယ် ဘယ်ကတည်းကသေနေတဲ့ မြေကြွက်ကြီးမှန်းမသိပါဘူး အော်ကလီကိုဆန်ရောလေ
😂😂😂
Credit...