ချည်​ကြိုး

Words
52
Reading
1 min
8y
Listen to this post
~1 min

image
ကျွန်တော်တို့ ပြန်မဆုံဖြစ်တော့ဘူးနော်
မျက်လုံးတွေ မှိတ်ပြီးပြန်ဖွင့်တယ်
ဘယ်လိုမှ မနီးစပ်သွားဘူး

ခင်ဗျားလည်း မကြားတော့ဘူးပေါ့
မကြားချင်ယောင်ဆောင်တယ်လို့လည်း မသုံးနှုန်းရက်ပါဘူး
မပေးချင်တဲ့ ပစ္စည်းကို ကျွန်တော်အလိုက်သိပါမယ်

အခေါက်ခေါက်အခါခါ ရောက်ရှိခဲ့ဖူးလည်း
ဖြတ်လျှောက်ခွင့်တောင် မရှိတော့ဘူးဆိုရင်
အသာတကြည် လှည့်ပြန်ပါမယ်
ကျွန်တော် ခင်ဗျားအတွက် လူမှုရေးရှိချင်တယ်
တကယ်တော့ အရာရာရှိချင်ပါတယ်
အရာရာ မရှိပေးရတဲ့အခါ
ကျွန်တော့ စိတ်ဗလာလေးကို ကျွန်တော် နာကျင်ရတယ်၊

မျက်လုံးတွေ တအားစပ်ဖျင်းလာတဲ့အခါ
သတိရစိတ်တွေနဲ့ ဖြည့်အိုင်ပြီး ဆေးကြောပစ်ရတယ်
ဒီလောက်ပါပဲ

တစ်ချို့က ချည်တဲ့ကြိုး ခိုင်ဖို့လိုတယ်လို့ ပြောကြတယ်
စိတ်ကို စိတ်နဲ့ ချည်တဲ့ ကြိုးပါပဲ
ခင်ဗျား စိတ်မရှိတော့ရင် အငွေ့ပြယ်သွားပါ့မယ်

ဒါ ခင်ဗျားအတွက် ကျွန်တော့ တတ်နိုင်သမျှတွေပါပဲ။

                                #ခွန်းညိုသွေး
ချည်​ကြိုး | Ecency