Photo credit: Original Source
မင်္ဂလာပါ steemit သုံးစွဲသူများ
Steemit ဆိုသည်မှာ blockchain နည်းပညာကိုအခြေခံထားသော လူမှုကွန်ရက်တစ်ခုဖြစ်သည်ကိုအားလုံးသူသိပြီးသားဖြစ်မှာပါ။Cryptocurrency ငွေကြေးတိုင်းတွင် သူတို့ရဲ့ ငွေကြေးဖြစ်ပေါ်လာပုံသည် သူတို့ရဲ့ platform ပေါ်မှုတည်ပြီး ငွေကြေးဖန်တီးမှုအမျိုးအစားများစွာရှိကြပါသည်။ မိမိ တို့ အသုံးပြုနေသည် steem platform တွင် steem ငွေကြေးဖြစ်ပေါ်လာပုံကား သိထားပြီးသည့်အတိုင်း စာတွေရေးပြီး post တွေတင်ကြ စာဖတ်သူများက ဘုတ်တွေပေးခြင်းဖြင့် steem ငွေကြေးဖြစ်ပေါ်လာပါသည်။ ဘုတ်ပေးသူများ၏ SP ပေါ်မှုတည်ပြီး ရရှိသော SBDများလည်းကွဲပြားနေပါမည်။
Steemit ပေါ်တွင်ဘယ်လိုမျိုးပုံစုံဖြင့်ရှင်သန်ရပ်တည်မည်နည်း။ရေရှည် ရှင်သန်ချင်နေသူများကတော့ ကိုယ်တိုင်ဖန်တီးမှု စွမ်းအားကောင်းသူများ နှင့် ငွေကြေးရင်းနှီးမြုတ်နှံ့ပြီး အကျိုးမြတ်ရှာသူများသာရှိပါသည်။ကိုယ်တိုင်ဖန်တီးမှုကောင်းကြသူများအတွက် အရင်းနှီးသည်ကား ဉာဏာအားစိုက်ထုတ်ပြီး အောင်မြင်စွာလျှောက်လမ်းနေကြသည်။ ငွေကြေးရင်းနှီးသူများမှာကဘယ်လိုမျိုးလျှောက်လမ်းကြသနည်း။အခုအချိန်တွင်ကား steem platform သည်ကား အောင်မြင်သောလမ်းကြောင်းပေါ်ရောက်နေပြီးဖြစ်သောကြောင့် စတည်ထောင်စဉ်ကလို steem များကိုဈေးပေါပေါဖြင့်မရနိုင်တေပါထိုကြောင့် ငွေကြေးများများစိုက်ထုတ်နိုင်မှသာ အကျိုးမြတ်ကိုရနိုင်ပါမည်။
ငွေအကြေးအများကြီးစိုက်မထုတ်လိုသူများအတွက် နည်းလမ်းမရှိဘူးလားဟုမေးစရာရှိလာပါသည်။ဘယ်လိုမျိုးလုပ်မှ ရနိုင်မည်နည်း။ ပိုက်ဆံဆိုသည်ကား လွယ်လွယ်နှင့်မရနိုင်ပါ။ ပေးဆပ်မှုတော့ရှိရပါမည်။ steem platform သည် ခိုးယူကူချသူများအဖို့တော့ ရေရှည်သွားရန်က ဘယ်လိုမှမဖြစ်နိုင်ပါ။ ထိုကြောင့် ကိုယ်ပိုင်ဖန်တီမှုနည်းနည်းနှင့် ငွေကြေးနည်းနည်း မြုတ်နှံသူများတော့နည်းလမ်းတစ်ခုကရှိသေး၏။ ငွေကြေးအများကြီးရင်နှီးထားသူများက သူတို့ရဲ့အကျိုးမြတ်ရနိုင်ရန်အလို့ငှာ ဘုတ်များကိုရောင်းစားပြီး စီးပွားရှာနေသူများစွာရှိနေကြသည်။ ထိုသူများထံမှ ဘုတ်များကိုဝယ်ယူခြင်းဖြင့် ကိုယ်အတွက် အကျိုးအမြတ်နိုင်ကိုရှာနိုင်ပါသည်။ သို့သော်လည်း ဘုတ်များ ကိုရောင်းစားသူများတွင် steem platform လှပစေရေးအတွက် လွယ်လင့်တကူ လုပ်နေကြသော copy and paste post များ အရည်သွေးမမိသော posts များ တစ်ပုံတည်းတင်ပြီး ဘုတ်ဝယ်ခြင်းများ ပြုလုပ်သူများကို စိစစ်ပြီး ထိုသို့ပြုလုပ်များကို Blacklistသို့သွင်းကာဖယ်ရှားခြင်းများပြုကြသည်အတွက် ကိုယ်ပိုင်ဖန်းတီးမှုရှိသူများအတွက်သာရေရှည်လျှောက်လမ်းနိုင်ပါမည်။
ဘုတ်ရောင်းစားသူများတွင် မည်သို့သောပြုလုပ်သူများကိုဖယ်ရှားမည်ဖြစ်ကြောင်း update တစ်မျိုးပြီးတစ်မျိုးထွက်သောကြောင့် မကြာမကြာ သူတို့ရဲ့ကြေညာချက်များကို ဖတ်ရှုးပြီး စည်းကမ်းကိုက်ညီသော postများနှင့်သာ ဘုတ်များကိုဝယ်ယူကြရန် အကြံပြုချင်ပါသည်။ ဤသည်မှာမိမိလေ့လာမိသလောက်ကို ရေးဖွဲထားခြင်းမျှသာဖြစ်သောကြောင့် အမှားများပါလျှင်လည်း လမ်းညွန်ပေးကြရန် တောင်းဆိုအပ်ပါသည်။
ဆက်လက်ကြိုးစားလျှက်@phyuphyu