One year anniversary day

Words
58
Reading
1 min
Listen
Play
8y

image
တစ်နှစ်ပြည့် မင်္ဂလာဆောင် အထိမ်းအမှတ်နေ့တွင် ယောကျာ်းဆီက ရေးဖွဲ့ပေးထားသော ချစ်လက်ဆောင်ကဗျာလေး

ချစ်မယားအတွက် တစ်နှစ်ပြည့် လက်ဆောင်

ဘဝတစ်ကွေ့ တစ်ဆစ်ချိုးကာ
ဘဝသစ်ကို နှစ်ဦးတည်ဆောက်
ဤနေ့ဤလ ဧပြီ၉ကား
သက်တမ်းမှတ်တိုင် တစ်နှစ်ပြည့်ပြီ
One year anniversary

များစွာအချိန် ခွဲခွာနေရ
ရက်စက်ပါဘိ တို့နှစ်ယောက်ကို
ရာသီစက်ဝန်း တစ်နှစ်ပြည့်ကို
နှစ်ဦးအတူ တွေဆုံခွင့်လေး
ခွင့်ပြုမိန့်ကို ပေးသနားသော
ကံကြမ္မာကို ကျေးဇူးတင်မိ

ချစ်ခြင်းမေတ္တာ ဆထက်တပိုး
တိုးကာချစ်လို့ နောင်နှစ်များစွာ
ရှည်လျားခရီး ဘဝလမ်းကို
အေးတူပူမျှ လျှောက်ကာလမ်းဝယ်
နောက်ထပ် anniversary day များစွာ

အိမ်ထောင်ခရီး သာယာစေရေး
တိုင်တည်သစ္စာ ကတိများစွာ
တည်အောင်ကြိုးစား အားထုတ်ပါမည်
အားကိုးလိုက်ပါ မောင့်ရင်ခွင်ကို
ချစ်လှစွာသော ချစ်ဇနီးလေး။။။။။။

Written by ဝတုတ်ကြီး
05.04.2018@1500hrs

One year anniversary day | Ecency