အမေဖြစ်သူက မီးဖိုချောင်ထဲတွင် ထမင်းဟင်းချက်ရင်း အလုပ်ရှုပ်နေပါတယ်။
သမီးက ဘေးက ပက်လက် ကုလားထိုင်မှာ ထိုင်ပြီး ဂိမ်းဆော့နေတယ်။
Nila, come help me wash roselle. You are always playing with your phone.
နီလာ ငါ့ကို ချဉ်ပေါင်ရွက် ကူဆေးပေးဦး။ နင်လည်း တချိန်လုံး ဖုန်းပဲ ကြည့်နေတယ်။
ခပ်ထုံထုံဖြစ်သော သမီး နီလာက How do I wash roselle?
ချဉ်ပေါင်ရွက်က ဘယ်လိုဆေးရတာလဲလို့ မေးလိုက်တယ်။
Wash with water thoroughly. Let it be clean. It may be contaminated with pesticides.
ရေနဲ့ နိုင်နိုင်ဆေး။ ပြောင်ပလေစေနော်။ ပိုးသတ်ဆေးတွေ ပါနေနိုင်တယ်။
နီလာက ချဉ်ပေါင်ရွက် အစီးတွေကို ယူသွားပြီး ရေချိုးခန်းက ရေကန်ထဲကို နှစ်ကာ တစ်ချောင်းချင်းစီ သေချာဆေးနေတယ်
အမေဖြစ်သူက ကြာနေသဖြင့် ရေချိုးခန်းထဲ လိုက်လာကာ
Have you done washing yet? နင် ဆေးလို့ မပြီးသေးဘူးလားလို့ မေးပြီးကြည့်လိုက်ရာ ချဉ်ပေါင်ရွက်တွေ ရေချိုးကန်ထဲ ပျံ့ကျဲနေတာ တွေ့သဖြင့်
What are you doing? နင်အဲဒါက ဘာလုပ်နေတာလဲလို့ မေးလိုက်တယ်။
ဒီတော့ နီလာက I am washing it thoroughly to be completely clean.
သေချာပြောင်သွားအောင် ဆေးနေတာပါလို့ ပြန်ဖြေတယ်။
ဒီတော့ အမေက Are you nuts? You don’t need to dip the roselle in the water tank.
နင်ရူးနေလား။ ချဉ်ပေါင်ရွက်ကို ရေကန်ထဲ နှစ်စရာလား။
All the water may get dirty. How do we use the water there after?
ရေတွေအားလုံး ညစ်ပတ်ကုန်မှာပေါ့။ ကျန်တဲ့ရေ ငါတို့ ဘယ်လို သုံးမလဲ
ဒီမှာ Are you nuts? မင်း ရူးနေလားဆိုတာက Are you crazy? နဲ့ အဓိပ္ပါယ် အတူတူပါပဲ
Are you nuts? က ပိုပြီး idiomatic ဖြစ်ပါတယ်။