မီးမီးက စာတွေ ကြိုးစားကျက်နေတယ်။ မောင်မောင်က သူ့ကို ခဏခဏ ဆရာကြီး လာလုပ်နေတာကို မခံချင်၍ ဖြစ်ပါတယ်။
ဒီအချိန်မှာ မီးမီး စာကျက်နေတဲ့ စားပွဲနားကို မောင်မောင် ရောက်လာပြီး
မီးမီး နင်ငါပြောတဲ့ အင်ဂလိပ် စကားလုံးနဲ့ အဓိပ္ပါယ်တူတဲ့ စကားပြောသုံး informal စာလုံးပြောနိုင်ရင်
နင်ကိုငါ ဆရာခေါ်မယ်လို့ သွေးထိုးစမ်းလိုက်တယ်။
မီးမီးကလည်း ကြိတ်၍ စာတွေကျက်ထားရာ မောင်မောင်ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်တယ်။
မီးမီးက လုပ်လိုက်လေ ကြာသလားလို့ ပြောချင်တဲ့ စကားလုံးပြော
ဒီတော့ မောင်မောင်က vomit ပျို့အန်တယ်ဆိုတဲ့ formal စာပြောစကားလုံးရဲ့ informal စကားပြော အသုံးက ဘာလဲလို့ မေးလိုက်တယ်။
မီးမီးက မဆိုင်းမတွ throw up ပျို့အန်တယ် လေ လို့ ဖြေလိုက်တယ်။
မောင်မောင်က ထပ်ပြီး continue ဆက်လုပ်တယ်ကို စကားပြော informal နဲ့ ဘယ်လိုပြောမလဲ
မီးမီးက ချက်ချင်းဆိုသလိုပဲ go on ဆက်လုပ်တယ်လို့ ဖြေလိုက်တယ်။
မောင်မောင်က ဆက်ပြီး reject ပယ်ချတယ် ငြင်းပယ်တယ်ဆိုတဲ့ formal စာပြောစကားလုံးရဲ့ informal စကားပြော စကားလုံးကရောလို့ မေးလိုက်တယ်
ဒီတော့ မီးမီးက မဆိုင်းမတွ turn down ပယ်ချတယ် ငြင်းပယ်တယ်ပါ လို့ ဖြေလိုက်တယ်။
မေးခွန်း သုံးခုစလုံးကို မီးမီးက ဖြေနိုင်သဖြင့် မောင်မောင်က မီးမီးကို ဆရာမ၊ ဆရာမ လို့ ခေါ်လိုက်ရပါတယ်။
ဒီအခါ မီးမီးက ပြောပါ တပည့်လေး မောင်မောင် လို့ ပြန်ဖြေလိုက်ပါတော့တယ်။
After drinking too much beer, Kyaw Kyaw vomited all he had eaten.
ဘီယာတွေ အများကြီး သောက်ပြီးတဲ့အခါ ကျော်ကျော်က သူစားထားတာတွေ အားလုံးပျို့အန်လိုက်တယ်။
Vomit စာပြော ပိုဆန်ပါတယ်။
After riding a roller coaster, Nila throws up all she has eaten. စကားပြော ပိုဆန်တယ်။
Near, far, wherever you are, I believe that my heart will go on.
Titanic ဇာတ်ဝင်သီချင်းထဲကပေါ့ My heart will go on ပါ။ Celine Dion ဆိုထားတာပါ။
My poem was turned down by publisher after publisher.
ကျွန်တော်ရဲ့ ကဗျာကို စာအုပ်ထုတ်သူ တစ်ယောက်ပြီး တစ်ယာက် ထုတ်ဝေဖို့ ငြင်ပယ်သွားကြတယ်။
စာဖတ်သူ အားလုံး
ပျော်ရွှင်ချမ်းမြေ့ကြပါစေ