ညီညီ အအေးမိပြီ

Words
182
Reading
1 min
Listen
Play
1y

ညီညီက မနေ့က မိုးရေထဲ ဘောလုံးကန်တာ ကြာသွားလို့ အအေးမိပြီး နှာခေါင်း ပိတ်နေတယ်။

ဖျားတော့ မဖျားပေမယ့် နှာခေါင်းပိတ်တာက ခံရခက်နေပါတယ်

ဒီတော့ City Care ဆိုင်မှာ ဆေးသွားဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။

City Mart ရောက်တော့ City Care Pharmacy ဆေးဆိုင်ကို တန်းသွားလိုက်တယ်။

ပြီးတော့ ဆေးဆိုင်က အဒေါ်ကို

ဘိုလိုမှုတ်လိုက်ပါတယ်။ နှာခေါင်းပိတ်တာနဲ့ ဝမ်းပိတ်တာကို ရောထွေးသွားပြီး

I am constipated. What medicine should I take? ကျွန်တော် ဝမ်းပိတ်နေလို့ပါ (မှားပြောခြင်း) ဘာဆေးသောက်ရမလဲလို့ မေးလိုက်တယ်

ဒီတော့ ဆေးဆိုင်က ဆေးဆပ်ပေးသူ compounder အဒေါ်က

Have you tried enemas? Enema သုံးပြီးပြီလားလို့ မေးလိုက်တယ်။

ဒီတော့ ညီညီက ကြောင်သွားပြီး နားကြားလွဲတယ် အထင်နဲ့ သေချာအောင် ထပ်ပြောလိုက်တယ်။

I am constipated, Aunty.

အဒေါ် ကျွန်တော်က ဝမ်းချုပ်တာပါ (အမှန်က နှာခေါင်းပိတ်နေတာ) လို့ ပြောပြန်တယ်

Yes, you are constipated. You can’t go to the toilet to do number two. ဟုတ်တယ်လေ။ ဝမ်းချုပ်တာ ရေအိမ်သွားပြီး အီအီးပါ မရဘူးမလား။

Enema is a liquid that is put into the colon through blah blah blah to soften stool.

ဟိုဒင်းကနေတဆင့် အူထဲကို အရည်ထည့်ပြီး ဝမ်းပျော့အောင် လုပ်တာလေ။

ထိုအခါမှ ညီညီက သူပြောတာ မှားသွားမှန်း သိပြီး

No, no. It is my nose. It is blocked. မဟုတ်ဘူး ကျွန်တော့်နှာခေါင်းက ပိတ်နေတာလို့ မပြောတတ် တပြောတတ်နဲ့ ပြောလိုက်တယ်။

ဒီတော့မှ compounder အဒေါ်က နားလည်သွားပြီး

You have a stuffy nose? ဪ နှာခေါင်းပိတ်တာလား။ We have a spray for this. နှာခေါင်းပိတ်တာ ပျောက်တဲ့ စပရေး ရှိပါတယ်လို့ ပြောလိုက်ပါတယ်။

ဒီမှာ do number two ဆိုတာက ကလေးတွေနဲ့ စကားပြောတဲ့အခါမှာ ဖြစ်ဖြစ် နားခံသာစေချင်လို့ပဲ (euphemism) ဖြစ်ဖြစ် အလေးသွားတာကို ပြောတဲ့ စကားပါ။

Do number one ကတော့ ရှူးရှူးပေါက်တာပါ။ ကလေးသုံး နားခံသာအောင် ပြောတဲ့ စကားပါ။

ညီညီ အအေးမိပြီ | Ecency