မောင်မောင်အတွက် မွေးနေ့လက်ဆောင်

Words
143
Reading
1 min
Listen
Play
1y

ဒီနေ့ မောင်မောင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ မီးမီးက မောင်မောင်အတွက် မွေးနေ့လက်ဆောင် ပြင်ဆင်ထားပါတယ်။

မီးမီး ကျောင်းက ပြန်လာတော့ မောင်မောင်က ဖေဖေ မေမေနဲ့အတူ မွေးနေ့ပွဲ ကျင်းပနေတယ်။

မီးမီး ဝင်လာတာတွေ့တော့ မောင်မောင်က

Mee Mee, today is my birthday. We are celebrating.

မီးမီးရေ ဒီနေ့ ငါ့ရဲ့ မွေးနေ့လေ မွေးနေ့ပွဲ ကျင်းပနေတာလို့ ပြောလိုက်ပါတယ်။

မီးမီးက ဘိုလို မှုတ်ချင်သဖြင့် I know. Congratulation, Maung Maung ငါ သိပါတယ်။ ဂုဏ်ယူပါတယ် မောင်မောင် ပြောလိုက်တယ်

ထိုအခါ မောင်မောင်က Mee Mee, you don’t say congratulation for someone’s birthday.

မီးမီးရေ မွေးနေ့တွေမှာ ဂုဏ်ပြုချင်ရင် congratulation လို့ မပြောရဘူး

You should say I wish you a happy birthday. Have a great birthday. Enjoy your special day.

ပျော်ရှင်သော မွေးနေ့ ဖြစ်ပါစေ။ ဒီလို ထူးခြားတဲ့ နေ့မှာ ပျော်ရွှင်ပါစေ။ စသဖြင့် ပြောလို့ရတယ်။

မီးမီးက Happy birthday, Maung Maung. I have something for you. ပျော်ရှင်သော မွေးနေ့ပါ မောင်မောင်။ နင့်အတွက် လက်ဆောင်ပါတယ်လို့ ပြောလိုက်တယ်။

ထိုအခါ မောင်မောင်က You didn’t have to. မလိုပါဘူးဟာ။ နင်ကလည်း ဒုက္ခရှာလို့ ပြောလိုက်တယ်။

ထို့နောက် မီးမီးပေးတဲ့ အိတ်ကို လှမ်းယူပြီး ဖွင့်ကြည့်လိုက်တဲ့အခါ ဘာဘီ ဘိုမရုပ်လေးကို တွေ့ရတယ်။

မောင်မောင်က မျက်နှာရှုံမဲ့သွားပြီး This is the birthday present for me? ဒါက ငါ့အတွက် မွေးနေ့လက်ဆောင်လား ပြောလိုက်ပါတယ်။

မောင်မောင်က ယောက်ကျားလေး ဖြစ်တဲ့အတွက် ဘိုမရုပ်နဲ့ ဘယ်လိုကစားရမယ် မသိတော့ပေ။

မောင်မောင်အတွက် မွေးနေ့လက်ဆောင် | Ecency