မိုးတွေ သဲကြီးမဲကြီး ရွာချလာသဖြင့် ကိုကိုနဲ့ ညီညီတို့ ညီအစ်ကို နှစ်ယောက်က ခြံထဲ ဘောလုံးထွက်ကန်ချင်လာပါတယ်။
ကိုကိုက ညီညီကို ညီလေး စတိုခန်းထဲက ဘောလုံးသွားယူချေလို့ ပြောလိုက်တယ်။
ညီညီက စတိုခန်းထဲ ဝင်ပြီး ဘောလုံးကို ရှာတော့ ဘောလုံးက ပိန်ရှုံ့ပြီး လေထိုးမထားပေ။
ညီညီက ပိန်ရှုံ့နေတဲ့ ဘောလုံးကို ကိုကိုဆီ ယူလာပြီး ဘိုလို မှုတ်လိုက်တယ်။
The ball is empty. ဘောလုံးက ဘာမှမရှိဘူး ကိုကိုလို့ ပြောလိုက်တယ်။
ကိုကိုက What do you mean the ball is empty? ဘောလုံး လေမရှိတာကို You mean the ball is deflated? လို့ ပြောရကြောင်း ကိုကိုက သင်ပေးလိုက်ပါတယ်။
ညီညီက ဆက်ပြီး Where is the thing to put the air in? လေထည့်တဲ့ အတံ ဘယ်မှာလဲလို့ ဘိုလို ထပ်မှုတ်ပြန်ပါတယ်။
ကိုကိုက You mean the pump? လေထိုးတံ ကို ပြောတာလားလို့ ထပ်ပြီး သင်ပြပေးလိုက်တယ်။
ညီညီက yes, the pump. Where is it?
ဟုတ်တယ် လေထိုးတံက ဘယ်မှာလဲ။
ကိုကိုက Maybe, in the store room too.
စတိုခန်းထဲမှာပဲ ဖြစ်မှာပေါ့လို့ ပြောပါတယ်။
ဘောလုံကစားချင်လှသော ညီညီက စတိုခန်းထဲ တစ်ခါထပ်သွားပြီး လေထိုးတံ ယူလာပြန်တယ်။
ညီညီက ဘောလုံးလေထိုးမယ်လုပ်တော့ လေထိုးတံမှာတပ်တဲ့ ခေါင်းလိုနေပြန်တယ်။
Ko Ko, we need the thing to connect the pump and the ball too. ဟု ဘိုလို ထပ်မှုတ် ပြန်တယ်။
ကိုကိုက You mean the needle? လေထိုးတံသုံး အပ်ကို ပြောတာလားလို့ မေးလိုက်တယ်။
Yes, I mean the needle. Where is it too?
ဟုတ်တယ် အဲဒီအပ်ကရော ဘယ်မှာလဲ
ကိုကိုက ညီညီကို အားနာတဲ့ လေသံနဲ့ It is in the store room.
ညီညီကလည်း ကလေးပီပီ ဟန်ချီချီ မမောမပန်း သွားယူပြန်ချေတယ်။
ပြန်ရောက်လာတော့ ကိုကိုက You’ve been too tired. I may inflate the ball.
ညီလေးတော်တော် မောသွားပြီ။ ကိုကို ဘောလုံး လေထိုးပေးမယ်လို့ ပြောကာ ညီအစ်ကိုနှစ်ယောက် မိုးရေထဲ ဘောလုံးကစားကြပါတော့တယ်။
ကားတာယာတို့ ဘောလုံးတို့ လေလျော့နေတာကို deflated
ကားတာယာ ဘောလုံး လေထိုးတာကို inflate
လေထိုးတံကို pump လေထိုးတံနဲ့ ဘောလုံးနဲ့ ဆက်တဲ့ ခေါင်းကို needle လို့ပဲ ခေါ်ဆို
ပါကြောင်း
ကျေးဇူးတင်လျှက်