အီဒီယံလေး တစ်လုံးနှစ်လုံး လေ့လာကြမယ်ဗျာ။
အားလုံးသိတဲ့အတိုင်း price ဆိုတာကတော့ ဈေးနှုန်းပေါ့။
I want to buy a Samsung brand smart phone but the prices are too high for me.
ကျွန်တော်က ဆမ်ဆောင် အမှတ်တံဆိပ် စမတ်ဖုန်း တစ်လုံး ဝယ်ချင်တယ်။ ဒါပေမယ့် သူတို့ရဲ့ ဈေးနှုန်းက ကျွန်တော့အတွက် များလွန်းနေတယ်။
So I just ended up with an itel brand one.
ဒီတော့ ကျွန်တော် itel အမှတ်တံဆိပ်ပဲ ဝယ်လိုက်တယ်။
ဒီနေရာမှာ end up ဆိုတဲ့ phrasal verb က ဘာကို ဆိုလိုလဲဆိုရင် နောက်ဆုံးမှာ အရင်မျှော်လင့်မထားတဲ့ အခြေအနေ တစ်ခုကို ရောက်ရှိသွားတယ်ပေါ့ဗျာ
ဒီစကားက ကျွန်တော် ဘောလုံးပွဲကြည့်ရင် မြန်မာ commentator က ပြောတာ မကြာခဏ ကြားရတယ်။
ခင်ဗျားတို့လည်း ကြားဖူးမယ် ထင်ပါတယ်။ ဂိုးလွန်ဘောနဲ့ပဲ အဆုံးသတ်သွားတယ် ဆိုတာမျိုးလေ
ကြည့်ရတာ commentator က မြန်မာစကားကို အင်ဂလိပ်လို ပြောသွားတာ ထင်ပါရဲ့
ဆိုလိုတာက ဂိုးရဖို့ မျှော်လင့်ပြီး ကန်လိုက်ပေမယ့် မမျှော်လင့်ပဲ ဂိုးလွန်ဘော ရသွားတာပါ
If you keep smoking like this, you will end up dying early.
ခင်ဗျား ဒီလို ဆေးလိပ်တွေ ဆက်သောက်နေရင် အသေစောသွားမယ်။
ဈေနှုန်းအကြောင်းကနေ end up နဲ့ လေရှည်သွားတယ်
ဈေနှုန်းအကြောင်း ဆက်ရရင်
Pay the price ဈေးနှုန်းကို ပေးတယ်ဆိုတာက သင်လုပ်ခဲ့တဲ့ လုပ်ရပ်ရဲ့ ဆိုးကျိုးကို မဖြစ်မနေ ခံစားရတာပါ။
ဒါကတော့ phrasal verb မဟုတ်ပါဘူး။ idiom ဖြစ်ပါတယ်။
I smoked too much when I was young. Now I am paying the price with lung cancer.
ကျွန်တော် ငယ်ငယ်က ဆေးလိပ် အရမ်းသောက်ခဲ့တာ။ အခုတော့ အဲဒါရဲ့ ဆိုးကျိုးအဖြစ် အဆုတ်ကင်ဆာ ခံစားနေရပြီ။
ဒီစကားလုံးတွေက တစ်ချို့အတွက် သိပြီးသားတွေပါ။ မသိသေးတဲ့သူတွေ
လေ့လာရအောင် မျှဝေလိုက်ပါတယ် ခင်ဗျာ