ဪ English

Words
147
Reading
1 min
Listen
Play
1y

မီးမီးက စာမေးပွဲ ပထမဆုံးနေ့ မြန်မာစာ ဖြေဆိုပြီး အိမ်ပြန်လာပါတယ်။

အိမ်ရောက်တော့ ဖေဖေနဲ့ မေမေက How is your exam today?

သမီး ဖြေနိုင်ခဲ့လား (ဒီနေ့ စာမေးပွဲ ဖြေရတာ ဘယ်လိုလဲ) လို့မေးပါတယ်။

ဒီတော့ မီးမီးက It’s not so bad. I think I did well. သိပ်မဆိုးပါဘူး။ ဖြေနိုင်တယ် ထင်ပါတယ်လို့ ပြောပါတယ်။

နောက်တစ်နေ့မှာ အင်ဂလိပ်စာ ဖြေရမှာ ဖြစ်သဖြင့် အဖေက Prepare well for your English exam tomorrow. You are very weak in English.

သမီး မနက်ဖန် အင်ဂလိပ်စာ ဖြေရမှာနော်။ သေချာ ကျက်သွား။ သမီးက အင်ဂလိပ်စာ အတော်ညံ့တာလို့ ပြောလိုက်ပါတယ်။

ဒီတော့ မီးမီးက သူ့ကို အင်ဂလိပ်စာ ညံ့တယ်လို့ ပြောတာ မခံနိုင်ဘဲ

Daddy, I am not that bad in English. သမီးက အဖေပြောသလောက်လည်း အင်ဂလိပ်စာ မညံ့ပါဘူးလို့ ပြန်ဖြေလိုက်ပါတယ်။

Not so bad လား not that bad လား

နှစ်ခုစလုံးကတော့ အခြေအနေတစ်ခုက ကျေနပ်ဖွယ်ရှိတာ လက်ခံနိုင်ဖွယ်ရှိတာကို ဖော်ပြပါတယ်။

ဒါပေမယ့် not that bad က တစ်ခုခုနဲ့ နှိုင်းယှဉ်ပြီး အဲဒီလောက် မဆိုးတာကို ပြောရာမှာ သုံးပါတယ်။

ဒါ့အပြင် တင်ပြချက်တစ်ခုကို ပယ်ချရာလည်း ရောက်ပါတယ်။

Not so bad ကတော့ ယေဘုံယျသဘောမျိုး ပြောတဲ့အခါမှာ သုံးပါတယ်။

အပေါ်က ဝါကျ နှစ်ခုမှာ The exam is not so bad. စာမေးဖြေခဲ့ရတာ မဆိုးပါဘူး။ ဖြေနိုင်ပါတယ်လို့ ယေဘုံယျသဘော ပြောပြီး

ဒုတိယ ဝါကျကတော့ မီးမီးက သူ့အဖေ ပြောသလောက် အင်ဂလိပ်စာ မညံ့ကြောင်း သူ့အဖေရဲ့ စကားကို ပယ်ချချင်လို့ ပြောတာပါ။

ဖတ်ရှုသူ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါတယ်။

ဪ English | Ecency