ဪ English

Words
141
Reading
1 min
Listen
Play
1y

အစ်ကိုဖြစ်သူက မီးဖိုချောင်ထဲ ဝင်လာတဲ့အခါ ညီမ‌ဖြစ်သူက ဂျုံလှိမ့်တဲ့ ဒလိမ့်တုံး တစ်ခုနဲ့ အလုပ်ရှုပ်နေပါတယ်။

အစ်ကိုက What are you doing? နင် ဘာလုပ်နေတာလဲလို့ မေးလိုက်ပါတယ်။

ဒီအခါ ညီမဖြစ်သူက အင်ဂလိပ်စကား မပြောတတ် တပြောတတ်ဖြင့် I am doing a cake. ကိတ်မုန့် လုပ်နေတာလို့ ပြန်ဖြေပါတယ်။

ဒီအခါ အစ်ကိုက You are making a cake? ကိတ်မုန့်လုပ်နေတာလားလို့ make သုံးရတယ်မှန်းသိအောင် ပြောလိုက်ပါတယ်။

Or you are baking a cake? ဒါမှမဟုတ် bake မုန့်ဖုတ်သည်ဆိုတဲ့ ကြိယာ သုံးရကြောင်း ပြောလိုက်တယ်။

ဒီအခါ ညီမလေးက မကျေနပ်ဘဲ I do my homework. I do the dishes. Why can’t I do a cake?

ညီမလေး အိမ်စာလုပ်တယ်ဆို do သုံးတယ် ပန်းကန်ဆေးတယ်ဆို do သုံးတယ်။ ကိတ်မုန့် လုပ်တယ်ဆို ဘာလို့ do သုံးလို့ မရတာလဲလို့ ပြန်မေးပါတယ်။

ဒီအခါ အစ်ကိုက You make things. အရာတစ်ခု ဖြစ်လာအောင် ဖန်တီးလုပ်ရင် make သုံးရကြောင်း

You do tasks.တာဝန် ဝတ်တရား တစ်ခုကို လုပ်ဆောင်ရင် do သုံးရကြောင်း ပြောပြပါတယ်။

ဒီအခါ ညီမလေးက သူ့ကို ဆရာလာလုပ်တာ မကြိုက်တဲ့လေသံဖြင့် Okay, now I make a cake. You go do the laundry.

ညီမလေးက ကိတ်မုန့်ဖုတ်မယ်။ အစ်ကိုက အဝတ်သွားလျှော်ပေါ့ဟု အစ်ကို ဖြစ်သူကို ခိုင်းလိုက်ပါတော့တယ်။

ဒီတော့ အရာတစ်ခု ဖြစ်လာအောင် ဖန်တီးလုပ်ရင် make သုံးရတယ်။ တာဝန် ဝတ်တရားကို လုပ်ဆောင်ရင် do သုံးရပါတယ် ခင်ဗျာ

ဖတ်ရှုသူ အာလုံးကို ကျေးဇူးတင်လျှက်

phyowinkoko7@phyowinkoko7

ဪ English | Ecency