ဪ English

Words
134
Reading
1 min
Listen
Play
1y

သင်က စားသောက်ဆိုင် တစ်ခုသို့ သွားရောက်စားသောက်ပါတယ်။

သင့် စားပွဲမှာ ဇွန်းနဲ့ ခရင်းပဲ ချထားပါတယ်။ သင်က တူဖြင့် စားချင်သဖြင့် စားပွဲထိုးကို ခေါ်လိုက်ပါတယ်။

တူကို အင်ဂလိပ်လို ဘယ်လိုခေါ်လဲ မသိသဖြင့်

Excuse me, could I please get a pair of wooden sticks?

တစ်ဆိတ်လောက် သစ်သားချောင်း နှစ် ချောင်းလောက် ရမလားခင်ဗျာ

ထိုအခါ စားပွဲထိုးက ကြောင်အမ်းအမ်း ဖြစ်သွားပြီး Sorry, we don’t have that.

ကျွန်မတို့ဆိုင်မှာ မရှိပါဘူးလို့ ပြန်ဖြေပါတယ်။

သင်က စားပွဲထိုး နားမလည်တာကို ရိပ်မိသဖြင့် I mean the ones that Asian people use to eat with.

အာရှလူမျိူးတွေ စားတဲ့အခါ သုံးတဲ့ ဟာပါလို့ ပြန်ပြောလိုက်တယ်။

ဒီအခါမှ စားပွဲထိုးက နားလည်းသွားပြီး You mean chopsticks? တူကို ပြောတာလား မေးလိုက်ပါတယ်။

သင်က yes ဟုတ်ပါတယ် လို့ ပြန်ဖြေ လိုက်တယ်။

စားပွဲထိုးက Ok, I’ll be back in a second. ခဏလောက်စောင့်နော် (ခဏနေ လာပေးပါမယ်) ဆိုပြီး ပြန်လည့် ထွက်သွားတယ်။

တစ်မိနစ်လောက် အကြာမှာတော့ စားပွဲထိုးက တူကို ယူလာပြီး သင့်ကို

Here, you are. ရော့ ဒီမှာပါဆိုပြီး ပေးသွားပါတယ်။

သင်က စားပွဲထိုးကို Thank you. ကျေးဇူးပါပဲလို့ ပြောပြီး ခေါက်ဆွဲကို အားရပါးရ သုံးဆောင်ပါတော့တယ်။

chopsticks ဆိုတာ တရုတ်လူမျိုးတွေ အစားအသောက် စားတဲ့အခါ သုံးတဲ့ တူပါ ခင်ဗျာ

ဗမာတွေလည်း ဆီချက်ခေါက်ဆွဲ စားရင် တစ်ခါသုံး ဝါးတူလေးတွေနဲ့ စားကြပါတယ်နော်။

ဖတ်ရှုတဲ့သူ တစ်ယောက်

ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။

ဪ English | Ecency