More than just pollution concerns at Htein Bin dump
ထိန်ပင် အမှိုက်ပုံတွင် လေထု မြေထု ညစ်ညမ်းမှုအပြင် တခြား ပြသာနာများပါ ရှိနေသည်
Worries for residents near the landfill, which was the scene of a huge, weeks-long fire in April and May, include pollution and compensation for their land.
ဧပြီလနှင့် မေလက သီတင်းပတ် အတန်ကြာ မီးလောင်ခဲ့သော ထိန်ပင်အမှိုက်ပုံအနီးတွင် နေထိုင်သူများသည် မြေထု လေထု ညစ်ညမ်းမှုအပြင် ၎င်းတို့၏ မြေယာများအတွက် လျော်ကြေးရရှိရန် စိုးရိမ်ပူပန်မှုများ ရှိနေသည်။
By KYAW YE LYNN | FRONTIER
ကျော်ရဲလင်း ရေးသားသည်။
A FIRE THAT burned for weeks at a massive garbage dump on Yangon’s outskirts and polluted the atmosphere of several townships with foul-smelling smoke has focused attention on worsening air quality in the commercial capital.
ရန်ကုန်မြို့စွန်တွင် တည်ရှိသော ထိန်ပင်အမှိုက်ပုံတွင် လောင်ကျွမ်းသော မီးကြောင့် အနီးအနား မြို့နယ်များအထိ အနံ့ဆိုးသော မီးခိုးများ ပျံ့နှံ့လာသောကြောင့် ရန်ကုန်မြို့၏ လေထု သန့်စင်မှုနှင့် ပတ်သက်ပြီး အာရုံစိုက်လာကြသည်။
The fire at the sprawling Htein Bin landfill in outer northwestern Hlaing Tharyar Township began on April 21 and spread quickly until it was consuming more than half of the dump, which covers 98 hectares (244 acres).
လှိုင်သာယာမြို့နယ် အနောက်မြောက်ဘက်ရှိ ထိန်ပင်အမှိုက်ပုံတွင် ဧပြီလ ၂၁ ရက်နေ့တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး လျင်မြန်စွာ ပျံနှံ့သွားကာ ၂၄၄ ဧကခန့်ရှိသော အမှိုက်ပုံ၏ ထက်ဝက်ကျော်နီးပါး လောင်ကျွမ်းသွားခဲ့သည်။
The blaze was fuelled by methane produced by decaying vegetation and other waste. It was not brought under complete control until May 14, said U Aung Myint Maw, deputy head of the Environmental Conservation and Cleaning Department at Yangon City Development Committee.
မီးလောင်ကျွမ်းမှုသည် အမှိုက်များနှင့် ဟင်းသီးဟင်းရွက်အပုပ်များမှ ထွက်ရှိသော methane ဓါတ်ငွေ့ကြောင့်ဖြစ်ပြီး မေလ ၁၄ ရက်နေ့တွင်မှ မီးကို အပြီးငြိမ်းသတ်နိုင်ခဲ့သည်ဟု Yangon City Development Council ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်အကြီးအကဲ ဦးအောင်မြင့်မော်က ပြောကြားသည်။
“The fire was caused by the reaction between oxygen in the air and methane gas produced by the garbage,” he said.
မီးသည် အမှိုက်များမှ ထုတ်လွှတ်သော methane ဓါတ်ငွေ့နှင့် လေထုထဲမှ အောက်စီဂျင်တို့ ဓါတ်ပြုပြီး လောင်ကျွမ်းခြင်း ဖြစ်သည်ဟု ဦးအောင်မြင့်မော်က ဆိုသည်။
Yangon regional government said 800 personnel from the Myanmar Fire Services Department, YCDC and Yangon Military Command were deployed to fight the fire, which was finally brought under control after it was smothered by 1,850 gallons (about 8,182 litres) of special foam imported from Thailand.
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြောကြားရာတွင် မြန်မာနိုင်ငံ မီးသတ်ဌာန ၊ ရန်ကုန်စည်ပင်သာယာနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ လူအင်အား ၈၀၀ ခန့်ဖြင့် ငြိမ်းသတ်ခဲ့ပြီး ထိုင်းနိုင်ငံမှ မှာယူရသော အထူးမီးသတ်အမြုပ် ၁၈၅၀ ဂါလံဖြင့် ငြိမ်းသတ်တော့မှ မီးငြိမ်းခဲ့သည်ဟု ဆိုသည်။
Aung Myint Maw said the fire has been completely extinguished, a classification the Fire Department calls Level 0.
ဦးအောင်မြင့်မော်က ပြောကြားရာတွင် မီးကို မီးသတ်များ၏ အခေါ်အဝေါ်အရ level 0 အထိ ငြိမ်းသတ်ပြီးပြီဟု ဆိုသည်။
“However, we are still monitoring the site with four fire trucks,” he told Frontier on May 21.(pic)
ဒါပေမဲ့ မီးလောင်တဲ့ နေရာကို မီးသတ်ကား ၄ စီးနဲ့ စောင့်ကြည့်နေပါသေးတယ်ဟု သူက Frontier ကို ပြောသည်။
Smoke from the nearly month-long fire resulted in a noticeable deterioration in air quality in areas near the landfill and dozens of people, including children, were hospitalised with respiratory problems.
၁ လ ခန့်ကြာအောင် လောင်ကျွမ်းခဲ့သော မီးကြောင့် အမှိုက်ပုံ အနီးအနားမှ မြို့နယ်များတွင် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ကလေးများ အပါအဝင် လူဒါဇင်ပေါင်းများစွာ အသက်ရှူလမ်းကြောင်း ပြဿနာများဖြင့် ဆေးရုံတင်ခဲ့ရသည်။
Aung Myint Maw said data from 15 air quality monitoring devices installed throughout the city by his department showed high levels of methane and carbon dioxide near rubbish dumps. The data also showed high levels of carbon dioxide in the downtown area and of sulphur dioxide in industrial zones, he said. Vehicles are a major source of carbon dioxide.
ဦးအောင်မြင့်မော်က ပြောကြားရာတွင် ၎င်းတို့ဌာနက ရန်ကုန်မြို့အနှံ့တွင် တပ်ဆင်ထားသော လေထုအရည်အသွေး စောင့်ကြည့်သော ကိရိယာက ဖော်ပြသည်မှာ ထိန်ပင်အမှိုက်ပုံ အနီးတဝိုက်တွင် methane နှင့် carbon dioxide ဓါတ်ငွေ့များ မြင့်မားနေသည်ဟု ဆိုသည်။ ရန်ကုန်မြို့လယ် နေရာများတွင် carbob dioxide ဓါတ်ငွေ့ ပမာဏ မြင့်မားနေပြီး စက်မှုဇုန်များအနီးတွင် sulphur dioxide ဓါတ်ငွေ့များ မြင့်မားနေသည်ဟု သိရသည်။ carbon dioxide ဓါတ်ငွေ့ များပြားရခြင်းမှာ မော်တော်ယာဥ်များကြောင့် ဖြစ်သည်ဟု ဆိုသည်။
He said that years of people dumping their waste at the site meant it was a challenge for the department to reduce air pollution in the local area, adding that the soil and water had also been contaminated.
ထိန်ပင်အမှိုက်ပုံတွင် အမှိုက်များ စွန့်ပစ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ရာ ဌာနအနေဖြင့် ထိုနေရာတွင် လေထုညစ်ညမ်းမှုကို လျှော့ချရန်မှာ အခက်အခဲ တစ်ခုဖြစ်နေသည်။ ထိုနေရာမှ မြေကြီးနှင့် ရေများတွင်ပင် ညစ်ညမ်းနေပြီ ဖြစ်သည်။
“We just have a small budget for waste management,” he said.
အမှုက်စွန့်ပစ်ရေးအတွက် ကျွန်တော်တို့ ရရှိတဲ့ ဘတ်ဂျက်က အရမ်းနည်းလွန်းနေတယ်ဟု သူက ဆိုသည်။
“The collection fees cover only about a third of the cost and only about 480,000 out of Yangon’s one million households pay the fees,” Aung Myint Maw said, adding that changing the disposal system would help alleviate some of the pollution problems.
အမှိုက်သိမ်းခအတွက် ကောက်ခံရရှိတဲ့ ငွေကလည်း ကုန်ကျစရိတ်ရဲ့ သုံးပုံတစ်ပုံလောက်ပဲ ကာမိပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့မှာ အိမ်ထောင်စု ၁၀ သိန်းရှိရင် ၄ သိန်း ၈ သောင်းကပဲ အမှိုက်ကောက်ခံခကို ပေးသွင်းကြပါတယ်ဟု ဦးအောင်မြင့်မော်က ဆိုသည်။ အမှိုက်စွန့်ပစ်ရေး စနစ်ကြီး တစ်ခုလုံးကို ပြုပြင်ပြောင်းလဲမှ ညစ်ညမ်းမှု ပြဿနာကို အတော်အတန် လျှော့ချနိုင်မှာဟု ၎င်းကဆိုသည်။
Yangon Mayor U Maung Maung Soe told journalists in April that the regional government was planning to call tenders for a project to generate electricity at rubbish dumps by burning methane.
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဧပြီလအတွင်း သတင်းသမားများကို ပြောကြားရာတွင် ရန်ကုန်ကုန်တိုင်း အစိုးရသည် ရန်ကုန်မြို့ရှိ အမှိုက်ပုံများတွင် methane ဓါတ်ငွေ့ကို မီးရှို့ပြီး လျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းများအတွက် တင်ဒါခေါ်ယူရန် စီစဥ်လျှက် ရှိသည်ဟု ဆိုသည်။
In 2012, South Korean company Chasson International won a tender to build a methane-burning power plant at Htein Bin, but the project didn’t go ahead because of a disagreement over tariffs. A separate planned project, by local firm Zeyar & Associates, at the Chaung dump in South Dagon Township, also failed to proceed for the same reason. Both tenders were run by YCDC.
၂၀၁၂ ခုနှစ်တွင် တောင်ကိုရီးယား ကုပ္မဏီဖြစ်သည့် Chasson International သည် ထိန်ပင်အမှိုက်ပုံတွင် methane ဓါတ်ငွေ့များကို လောင်ကျွမ်းပြီး လျှပ်စစ်ထုတ်သည့် စက်ရုံအတွက် တင်ဒါအောင်မြင်ခဲ့သည်။ သို့သော် အခွန်ကိစ္စနှင့် ပတ်သက်ပြီး သဘောတူညီမှု မရရှိသဖြင့် ဆက်လက်မလုပ်ဆောင်ခဲ့ပေ။ တောင်ဒဂုံမြို့နယ် ချောင်းအမှိုက်ပုံတွင် ပြည်တွင်း Zeyar & Associates ကုပ္မဏီက စီစဥ်သော methane လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းသည်လည်း အခွန်ကိစ္စဖြင့်ပင် ပယ်ဖျက်ခဲ့ရသည်။ ထိုတင်ဒါ ၂ ခုစလုံးကို YCDC က ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
“The maximum price the government would pay was K90 a unit, but the companies wanted K150 or K160 a unit,” said Aung Myint Maw.
အစိုးရက တစ်ယူနစ်ကို ကျပ် ၉၀ သာ ပေးနိုင်တယ်။ ဒါပေမဲ့ ကုပ္မဏီတွေက ကျပ် ၁၅၀ လောက် တောင်းဆိုကြတယ်ဟု ဦးအောင်မြင့်မော်က ပြောပြသည်။
For business operations, standard electricity rates start at K75 a unit up to 500 units, K100 for 501 to 10,000 units, K125 for 10,001 to 50,000 units and K150 for 50,001 to 300,000. Consumption above 300,001 units is charged at K100 a unit.
စီးပွားရေး လုပ်ငန်းများအတွက် သတ်မှတ်ထားသော လျှပ်စစ်ဓါတ်အား စျေးနှုန်းမှာ ယူနစ် ၅၀၀ အထိ ၁ ယူနစ်လျှင် ၇၅ ကျပ် ကောက်ခံသည်။ ၅၀၁ ယူနစ်မှ ၁၀ ၀၀၀ ယူနစ်အထိ ကျပ် ၁၀၀ ကောက်ခံသည်။ ၁၀ ၀၀၁ ယူနစ်မှ ၅၀ ၀၀၀ ယူနစ်အထိ ၁၂၅ ကျပ် ကောက်ခံသည်။ ၅၀ ၀၀၁ ယူနစ်မှ ၃၀၀ ၀၀၀ ယူနစ်အထိ ကျပ် ၁၅၀ ကော်ခံသည်။ ၃၀၀ ၀၀၁ ယူနစ်မှ အထက်ကို ကျပ် ၁၀၀ ကောက်ခံသည်။
According to a statement published by the Ministry of Electricity and Energy last year, the government was spending K333 billion a year on subsidied and supply electricity to 37 percent of the country.
လျှပ်စစ်ဓါတ်အားနှင့် စွမ်းအင် ဝန်ကြီးဌာနက ပြီးခဲ့သော နှစ်အတွင်း ထုတ်ပြန်သော ဖော်ပြချက်တွင် အစိုးရသည် နိုင်ငံ လျှပ်စစ်ဓါတ်အား သုံးစွဲမှု ၃၇ ရာနှုန်းအတွက် စိုက်ထုတ်သုံးစွဲငွေ တစ်နှစ်လျှင် ကျပ် ၃၃၃ ဘီလျံ ရှိသည်ဟု ဆိုသည်။
“If those projects had been implemented, such a big fire would not have happened,” said Aung Myint Maw.
အမှိုက်ပုံတွေမှာ methane လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံတွေ တည်ဆောက်ခဲ့ရင် ဒီလို မီးလောင်တာမျိုး ဖြစ်မှာမဟုတ်ဘူးဟု ဦးအောင်မြင့်မော်က ပြောကြားသည်။
For the revived plan, the government has committed to paying subsidies, Aung Myint Maw said.
အခု အသစ်စီစဥ်မယ့် methane လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံတွေအတွက် အစိုးရကပဲ စိုက်ထုတ်ဝယ်ယူမည်ဟု ၎င်းကဆိုသည်။
Changing the garbage fee collection system could also be beneficial, he said.
အမှိုက်သိမ်းခ ကောက်ခံစနစ်ကို ပြောင်းလဲခြင်းကလည်း အကူအညီ ရနိုင်ပါတယ်ဟု ၎င်းကဆိုသည်။
“Currently, we collect the fees door-to-door during office hours, when people are often at work. If we change the collection system to the way people pay for electricity [which people can pay online], that would work,” he said.
အခု လက်ရှိမှာ ကျွန်တော်တို့က လူတွေ လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ အလုပ်ချိန်မှာ လိုက်လံကောက်ခံရတယ်။ လူတွေက အွန်လိုင်ကနေ အမှိုက်ကော်ခံခ ပေးသွင်းနိုင်ရင် ပိုအဆင်ပြေမယ်ဟု သူက ဆိုသည်။
Although the effect of smoke pollution from the Htein Bin fire on nearby communities dominated the headlines for days, former farmers in the area said their suffering also deserved attention.
ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုကြောင့် အနီးအနား မြို့နယ်များတွင် လေထုညစ်ညမ်းခဲ့ခြင်းကို သတင်းမီဒီယာများတွင် ဖော်ပြခဲ့သော်လည်း ယခင် လယ်သမားဟောင်းများက ပြောကြားရာတွင် ၎င်းတို့၏ နစ်နာမှုများကိုမူ အာရုံမစိုက်ကြကြောင်း ပြောသည်။
The farmers at Hlaing Tharyar’s Kalagyi Su village tract said they had not been compensated for 688 acres (278ha) confiscated by the military government in 1996 and 1997 and handed to the YCDC’s Environmental Conservation and Cleaning Department to establish cemeteries and other facilities at Htein Bin.
လှိုင်သာယာ ကုလားကြီးစု ကျေးရွာမှ လယ်သမားများက ပြောကြားရာတွင် ၁၉၉၆ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်များတွင် စစ်အစိုးရက သိမ်းယူသွားခဲ့သော လယ်ဧက ၆၈၈ ဧက အတွက် လျော်ကြေးများ မရရှိခဲ့ကြောင်း ပြောသည်။ စစ်အစိုးရသည် ထိုမြေများကို သုဿန်နှင့် တခြား နေရာများ ထားရှိရန်အတွက် YCDC ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေ,နှင့် သန့်ရှင်းရေး ဌာနသို့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
“The junta demolished the Kyandaw cemetery in Kamaryut Township in 1996 and the remains were moved here,” said Kalagyi Su resident U Myint Swe, as he pointed to one of the cemeteries.
စစ်အစိုးရက ကမာရွတ်မြို့နယ်မှာရှိတဲ့ ကြန်တော သုဿန်ကို ၁၉၉၆ ခုနှစ်မှာ ဖျက်သိမ်းလိုက်ပြီး အကြွင်းအကျန်တွေကို ဒီကို ပြောင်းရွှေ့ထားလိုက်တာဟု ကုလားကြီးစု ရွာသား ဦးမြင့်ဆွေက ထိန်ပင်သုဿန်ကို လက်ညှိုးထိုးပြပြီး ပြောသည်။
His father, U Aung Myint, had owned 27 acres and his father-in-law, nine acres. They were among 90 farmers whose land was seized in 1996.(pic)
သူ၏ အဖေက လယ်ဧက ၂၇ ဧက ပိုင်ဆိုင်ခဲ့ပြီး သူ၏ ယောက္ခမက ၉ ဧက ပိုင်ဆိုင်ခဲ့သည်ဟု ဆိုသည်။ ၎င်းတို့သည် ၁၉၉၆ ခုနှစ် လယ်မြေသိမ်းမှုတွင် လယ်သိမ်းခံရသည့် လယ်သမား ၉၀ ဦးတွင် ပါဝင်သည်။
“As you know, when a junta leader asked you for something, you had no choice but to follow their plan,” Myint Swe told Frontier on April 17.
ခင်ဗျားသိတဲ့အတိုင်ဘဲ စစ်အစိုးရ ခေါင်းဆောင်က တစ်ခုခု လုပ်ဆောင်မယ်ဆိုရင် ဘယ်သူမှ ဘာမှ မမတတ်နိုင်ဘူး။ လိုက်လုပ်ရတာဘဲလေဟု ဦးမြင့်ဆွေက ပြောသည်။
The farmers paid rent of up to 20 bags of paddy an acre and continued farming until 2012, when President U Thein Sein’s Union Solidarity and Development Party government enacted the Farmland Law, which promised fair compensation for confiscated land.
လယ်သမားများသည် ၎င်းတို့၏ လယ်မြေတွင် တစ်ဧကလျှင် ဆန်အိတ် ၂၀ အငှားခအဖြစ်ပေးပြီး ၂၀၁၂ ခုနှစ်အထိ ဆက်လက် စိုက်ပျိုးခွင့် ရရှိကြသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဦးသိန်းစိန် အစိုးရ တက်လာသောအခါတွင် သိမ်းထားသော လယ်မြေများအတွက် လျော်ကြေးပေးမည်ဟု ကတိပြုပြီး လယ်ယာမြေ ဥပဒေကို ပြဌာန်းခဲ့သည်။
“After the law was enacted, YCDC stopped us from farming,” Myint Swe said.
အဲဒီ ဥပဒေ ပြဌာန်းပြီးရော ကျွန်တော်တို့ကို YCDC က လယ်မြေတွေမှာ ဆက်လက်စိုက်ပျိုးခွင့် မပေးတော့ဘူးဟု ဦးမြင့်ဆွေက ပြောသည်။
“It is nearly six years since the law [was enacted], but we haven’t received a single kyat from the department as compensation,” he said.
လယ်ယာမြေ ဥပဒေ ပြဌာန်းပြီးတာ ၆ နှစ်နီးပါးရှိပြီ ဌာနက ကျွန်တော်တို့ကို လျော်ကြေး တစ်ပြားတစ်ချပ်မှ မပေးသေးဘူးဟု သူက ဆိုသည်။
In 2015, the farmers rejected a compensation offer from the previous regional government of K2.5 million an acre for a total of 625 acres because they said it was below the amount paid by YCDC for adjoining land.
၂၀၁၅ ခုနှစ်တွင် ယခင်အစိုးရက သိမ်းဆည်းမြေ ၆၂၅ ဧက အတွက် ၁ ဧကလျှင် ကျပ် ၂၅ သိန်း လျော်ကြေးပေးခဲ့ရာ လယ်သမားများက လက်မခံခဲ့ပေ။ ၎င်းမှာ ဘေးချင်းကပ်နေသော မြေယာများအတွက် YCDC က ပေးခဲ့သော လျော်ကြေးငွေထက် နည်းနေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။
“YCDC Revenue Department paid K7.5 million an acre for more than 100 acres next to our land last year,” Aung Myint said, referring to land that has since been developed and includes the Dagon Ayeyar highway bus station.
YCDC ရဲ့ ဘဏ္ဍာရေး ဌာနက ကျွန်တော်ဘေးက မြေတွေကို ၁ ဧက ကျပ် ၇၅ သိန်းနဲ့ ဧက ၁၀၀ ကျော် လျော်ကြေးပေးခဲ့တယ်ဟု ဒဂုံဧရာ အဝေးပြေး ကားဝင်းကို တည်ဆောက်ခဲ့သော မြေနေရာကို ရည်ညွှန်းပြီး အောင်မြင့်မော်က ပြောသည်။
“How can we accept such kind of discrimination?” he said.
ဒီလို ခွဲခြားဆက်ဆံတာကို ဘယ်လို လက်ခံနိုင်မလဲဟု သူက ဆိုသည်။
The previous government had claimed land use was the reason for the difference in compensation, said the Yangon Region lawmaker who represents the area. A higher rate had been paid for land that was being used for projects that were profitable.
မြေယာကို အသုံးပြုပုံ မတူညီတာကြောင့် စျေးနှုန်းကွာခြားသွားရတာပါလို့ ယခင်အစိုးရက ပြောတယ်ဟု လက်ရှိ ထိုမြို့နယ်ကို ကိုယ်စားပြုသော လွှတ်တော်အမတ်က ပြောသည်။ အကျိုးအမြတ် ရရှိနေတဲ့ စီမံကိန်းတွေ လုပ်နေတဲ့ မြေနေရာတွေကိုတော့ စျေးပိုပေးနေပါတယ်ဟု သူက ဆိုသည်။
Yangon Region MP U Myat Min Thu (National League for Democracy, Hlaing Tharyar-2) disputed this.
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ လှိုင်သာယာ အမှတ် ၂ မဲဆန္ဒနယ် အမတ် ဦးမြတ်မင်းသူက ၎င်းကို ကန့်ကွက်သည်။
“YCDC’s Revenue Department earns a lot of money and can pay a high compensation rate. That’s what they said: it’s an unacceptable reason,” he said.
YCDC ဘဏ္ဍာရေး ဌာနက တခြားဝင်ငွေတွေ အများကြီး ရှိပါတယ်။ စျေးပိုပေးဆိုလည်း ပေးနိုင်ပါတယ်။ လယ်သမားတွေက ဒါကြောင့် အဓိပ္ပါယ် မရှိဘူးလို့ ပြောတာဟု ဦးမြတ်မင်းသူက ပြောသည်။
Hlaing Tharyar’s farmland management committee reviewed the case, confirmed the affected area was 688 acres and had recommended the government increase its compensation offer, the MP, who is also a member of the village tract-level committee, told Frontier on April 19.
လှိုင်သာယာမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီက ထိုကိစ္စကို စစ်ဆေးခဲ့ပြီး သိမ်းဆည်းခံရသော လယ်ယာမြေ ၆၈၈ ဧက ရှိသည်ဟု အတည်ပြုခဲ့သည်။ ထို့နောက် အစိုးရကို လျော်ကြေးငွေ ပိုတိုးပေးရန် အကြံပေးခဲ့သည်ဟု ကျေးရွာအဆင့် ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သော လွှတ်တော်အမတ် တစ်ဦးက Frontier ကို ဧပြီလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
“They will be compensated next fiscal year,” Myat Min Thu said, but he declined to say what compensation would be paid.
လျော်ကြေးတွေကို လာမယ့် ဘဏ္ဍာရေးနှစ်မှာ ပေးသွားမှာပါဟု မြတ်မင်းသူက ပြောသည်။ သို့သော် ဘယ်လောက်ပေးမည် ဆိုသည်ကို ပြောကြားသွားခြင်း မရှိပေ။
The rate would be decided by the regional government, he said, adding that farmers had demanded compensation as high as K20 million an acre.
နှုန်းထားကိုတော့ အစိုးရက ဆုံးဖြတ်သွားမှာပါ။ လယ်သမားတွေက ၁ ဧက ကို သိန်း ၂၀၀ အထိ တောင်းဆိုနေပါတယ်ဟု သူက ပြောသည်။
“If the rate is not fair, the compensation payment will be delayed again. But they will be compensated anyway,” he said.
နှုန်းထားက မတရား မမျှတဘူး ဆိုရင်တော့ လျော်ကြေးပေးမယ့် အစီအစဥ်က နှောင့်နှေးကြန့်ကြာနိုင်ပါတယ်။ ဒါပေမဲ့ လျော်ကြေးပေးမယ့် အစီအစဥ်ကတော့ ရှိပါတယ်ဟု သူက ဆိုသည်။
Aung Myint Maw confirmed that the farmers will be paid K10 million an acre, more than four times the offer they rejected in 2015.
ဦးအောင်မြင့်မော်က အတည်ပြုပြောကြားရာတွင် လယ်သမားများကို ၁ ဧက လျှင် ကျပ် သိနွး ၁၀၀ ခန့် ပေးရန် အစီအစဥ်ရှိကြောင်း ၎င်းမှာ ၂၀၁၅ ခုနှစ်က ၎င်းတို့ ငြင်းပယ်ခဲ့သော ပမာဏ၏ ၄ ဆ ပင် ဖြစ်ကြောင်း ပြောကြားသည်။
“The government has agreed to compensate the farmers for their land and they will be paid once the rate has been settled,” he said.
အစိုးရက လယ်သမားတွေကို ၎င်းတို့ရဲ့ မြေတွေအတွက် လျော်ကြေးပေးဖို့ သဘောတူထားပါတယ်။ နှုန်းထ္းကို ညှိနှိုင်းပြီးတာနဲ့ ပေးသွားမှာပါဟု သူက ဆိုသည်။
Aung Myint Maw said YCDC had used the confiscated 688 acres to establish five cemeteries, including three for Christians and one each for Muslims and those of Chinese descent, an animal breeding zone and the Htein Bin dump.
ဦးအောင်မြင့်မော်က ပြောကြားရာတွင် YCDC သည် ထိုသိမ်းယူထားသော မြေ ၆၈၈ ဧက တွင် သုဿန် ၅ ခု တည်ဆောက်ပေးခဲ့သည်။ ခရစ်ယာန်များအတွက် ၃ ခု မွတ်စလင်နှင့် တရုတ်မျိုးနွယ်များအတွက် ၁ ခုစီ ဖြစ်သည်။ ထို့ပြင် မွေးမြူရေး သားပေါက်ခြံများနှင့် ထိန်ပင်အမှိုက်ပုံကို ထားရှိပေးခြင်း ဖြစ်သည်။
Htein Bin cemetery manager U Saw Myo Nyunt Thein said the farmers had caused him no trouble but he was aware they had faced trespassing charges a few years ago.
ထိန်ပင်သုဿန် မန်နေဂျာ ဦးစောမျိုးညွန့်သိန်းက ပြောကြားရာတွင် လယ်သမားများသည် လာရောက်နှောင့်ယှက်ခြင်းမျိုး မရှိကြောင်း ဟိုအရင်ကတော့ ဝင်ရောက်ဖြတ်လျှောက်ခြင်းမျိုး ကြုံဖူးကြောင်း ပြောသည်။
“It would be better that they receive compensation as soon as possible,” he told Frontier on May 19.(pic)
သူတို့ လျော်ကြေးငွေတွေ မြန်မြန်ရရင်တော့ ကောင်းတာပေါ့ဟု သူက ဆိုသည်။
However, Myat Min Thu told Frontier on May 29 that the apparent compensation had not been included in the regional budget for the 2018-19 financial year.
ဦးမြတ်မင်းသူက မေလ ၂၉ ရက်နေ့က ပြောကြားရာတွင် လယ်သမားများကို ပေးရမည့် လျော်ကြေးငွေသည် တိုင်းအစိုးရ၏ ၂၀၁၈ -၁၉ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် ပါဝင်သေးခြင်း မရှိကြောင်း ပြောသည်။
“We discussed the issue at regional parliament today. We have urged the regional government to include in the [budget for] this financial year, so the farmers receive the compensation next year,” he said.
ကျွန်တော်တို့ ဒီကိစ္စကို တိုင်းလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။ တိုင်းအစိုးရကို ဒီနှစ် ဘဏ္ဍာရေးနှစ်မှာ လယ်သမားများရဲ့ လျော်ကြေးငွေ ထည့်သွင်းပေးဖို့ တောင်းဆိုထားပါတယ်။ ဒါမှ လယ်သမားတွေက နောက်နှစ်မှာ ရရှိနိုင်မှာပါဟု သူက ဆိုသည်။
“The farmers suffered a lot and their land was seized,” he said.
လယ်သမားနွေက အများကြီး နစ်နာခံစားခဲ့ရတယ်။ လယ်မြေတွေ အသိမ်းခံရတယ်ဟု သူက ဆိုသည်။
U Zaw Lay is a son of U Phoe Chaw, who lives at Kan Hla village in the Kalagyi Su village tract.
ဦးဇော်လေးသည် ကုလားကြီးရွာစု ကန်လှရွာတွင် နေထိုင်သော ဦးဖိုးချော၏ သားဖြစ်သည်။
He told Frontier on April 23 that his father and other farmers had received a death threat in 2001 after unseasonal rain destroyed their crops and they were unable to pay rent.
သူက Frontier ကို ဧပြီလ ၂၃ ရက်နေ့က ပြောကြားရာတွင် သူ၏ အဖေနှင့် တခြားလယ်သမားသည် ၂၀၀၁ ခုနှစ်က ရာသီမဟုတ် မိုးကြီးခဲ့သဖြင့် သီးနှံများ ဆုံးရှုံးကာ လယ်မြေငှားခ မပေးနိုင်သဖြင့် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခံခဲ့ရသည်ဟု ဆိုသည်။
Zaw Lay said a former army captain with the Environmental Conservation and Cleaning Department told the farmers they would be burnt alive unless they paid the rent on time.
ဦးဇော်လေးက ပြောကြားရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ ယခင် ဗိုလ်မှူးတစ်ဦးသည် လယ်ငှားခကို အချိန်မီ မပေးနိုင်ပါက အရှင်လတ်လတ် မီးရှို့သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။
“My father is a strong man and I never thought I would see him cry,” he said.
ကျွန်တော်အဖေက စိတ်ဓါတ်ကြံ့ခိုင်သူ တစ်ဦးပါ။ သူငိုကြွေးတာကို မြင်ရလိမ့်မယ်လို့ မထင်ခဲ့ဘူး။
“When my father returned home after that threat was issued he cried like a baby.”
ခြိမ်းခြောက်ခံရပြီး အိမ်ပြန်ရောက်တော့ အဖေက ကလေးတစ်ယောက်လို အော်ငိုပါတော့တယ်။
TOP PHOTO: Firefighters walk through the smouldering Htein Bin rubbish dump on April 25. (Nyein Su Wai Kyaw Soe | Frontier)
မီးသတ်သမားများက မီးလောင်ကျွမ်းနေသော ထိမ်ပင်အမှိုက်ပုံတွင် စစ်ဆေးနေပုံ