ယနေ့မှ စတင်ပြီး Coinbase Wallet App တွင် Litecoin LTC ကို စတင် အသုံးပြုနိုင်ပြီ ဖြစ်သည်။ Coinbase Wallet သည် အသုံးပြုသူကသာ မိမိ၏ crypto ငွေကြေးများကို ထိန်းချုပ်နိုင်သော App ဖြစ်သည်။
Coinbase Wallet တွင် Bitcoin ၊ Bitcoin Cash ၊ Ethereum Classic ၊ Ethereum နှင့် ERC20 token ပေါင်း ၁၀၀ ၀၀၀ ကျော်အပြင် ERC721 collectibles cards များကို သိမ်းဆည်းထားနိုင်ပြီး ဖြစ်သည်။
LTC wallet ထောက်ပံ့မှုကို iOS နှင့် Android ကိရိယာများတွင် လာမည့်သီတင်းပတ်အတွင်း ရရှိနိုင်မည် ဖြစ်သည်။ LTC Wallet အတွက် miner fees အနည်းငယ်သာ ပေးရသော Segwit အပြင် ယခင် Legacy addresses များကိုပါ backward compatible ဖြစ်နိုင်ရန် ထည့်သွင်းပေးထားသည်။
Private Keys များကို မိမိ၏ ဖုန်းအတွင်းတွင် Secure Enclave နည်းပညာကို အသုံးပြုပြီး encryption ဖြင့် သိမ်းဆည်းထားသည်။ ထို့ပြင် developers များအတွက် အဆင်ပြေစေရန် testnet ကိုလည်း ထည့်သွင်းပေးထားသည်။
Coinbase Wallet သည် တခြားသော လူသုံးများသည့် cryptocurrencies များကို ဆက်လက် ထည့်သွင်းထောက်ပံ့သွားမည်ဟု ဆိုသည်။ Coinbase.com ၏ app ကို အသုံးပြုနေသူများသည် Coinbase Wallet ကို စမ်းသုံးကြည့်သင့်ပါသည်။
အဘယ့်ကြောင့်ဆိုသော် Coinbase.com သည် မိမိ၏ cryptocurrencies များကို မိမိကိုယ်စား ထိန်းသိမ်းပေးထားခြင်း ဖြစ်သည်။ Private Keys များကို မိမိကို ပေးမထားပေ။
Coinbase Wallet ကို အသုံးပြုပါက Private Keys များကို မိမိဘာသာ ထိန်းချုပ်နိုင်မည် ဖြစ်သည်။ လုံခြုံမှုအတွက် မိမိကသာ အပြည့်အဝ တာဝန်ယူရမည် ဖြစ်သည်။
ဖြိုးဝင်းကိုကို ရေးသားသည်။