Challenging of today and tomorrow

Words
88
Reading
1 min
Listen
Play
2y

Hello Hello
အလုပ်တွေများလို့
လုံးချာလည်ဖြစ်နေပေမယ့်
Hive Myanmarရဲ့ မိတ်ဆွေတွေကို
သတိရသား

အခုရက်တွေမှာ
ဝင်ခွင့်စာမေးပွဲတစ်ခုအတွက်
ကြိုးစားနေရတာ
၈ရက်ရှိနေပါပြီရှင့်

သင်တန်းသား၃၀၀ထဲက
၁၀၀ပဲရွေးမယ်ဆိုတာထက်
အခုနှစ်သင်တန်းက
onlineတက်ခွင့်နောက်ဆုံးလို့
ပြောတော့
ဂယက်တွေ ပိုထနေကြရပါတယ်

အကုန်လုံးက သူ့ထက်ငါအပြိုင်
၁၈ရက်နေ့ဖြေမယ့်
ရေးဖြေစာမေးပွဲအတွက်
သိလိုတာမေးရင်း

မရောက်သေးတဲ့ ၂၆ရက်နေ့
လူတွေ့စစ်ဆေးမေးမြန်းခြင်းအတွက်
အကြီးအကျယ်သောက ရောက်နေကြပါတယ်

ပုံမှန်ဆို ဘာလာလာ
လောင်မြိုက်တဲ့ တီဖြိုးတစ်ယောက်
အခုတော့ ပြုံးပြီး လိုက်နားထောင်မိတယ်

တစ်ချို့သူတွေရဲ့ သောကက
ဖောင်တင်စဉ်မှာ အချက်လက်အချို့ကို
လက်ရှိထက် ပိုပိုသာသာရေးမိသူ
ကိုယ်မလုပ်တဲ့အလုပ်ကို
လုပ်ထားပါတယ်လို့
ရေးမိသူတွေပါပဲ

အမြဲ သင်တန်းတစ်ခုတက်တာဖြစ်ဖြစ်
စာမေးပွဲ အရမ်းကပ်နေရင်ဖြစ်ဖြစ်
stress တစ်ခုဖြစ်လာရင်
ကျွန်တော်က ဓါတ်ပုံတစ်ပုံတော့
အရ ရိုက်ထားတယ်

Before and After meပေါ့လေ

အမေကတော့ မေးတယ်
ဘယ်အသက်ရွယ်အထိ
သင်တန်းတက်မပြီး နေနေအုံးမလဲတဲ့

ဒီနေ့မှာ ထိုင်နေခဲ့ရင်
မနက်ဖြန်မှာ ကျွန်တော် လမ်းလျှောက်ခွင့်မရမှာတော့
စိုးရိမ်ပါတယ်လေ
ဒီအတွက် ကျွန်တော်
တစ်ခုပြီး တစ်ခုသော စိန်ခေါ်မှုတွေကို
ရှာဖွေခဲ့တယ်

၁၈ရက်နေ့ ဖြေရမယ့်
ဝင်ခွင့်စာမေးပွဲအတွက်
အခုချိန်ထိ အဆင်သင့်မဖြစ်သေးပေမယ်
ပျော်ရွှင်စွာဖြင့် ရင်ခုန်ရင်း

ချစ်တဲ့ Hive မိသားစုလေးကို
သတိရကြောင်း လာပြောတာပါရှင့်

Challenging of today and tomorrow | Ecency