ဆရာကြီးကငှဲ့ထားတဲ့ ရေနွေးခွက်ကို ကောက်ကာတစ်ကျိုက်သောက်ပြီး လက်ထဲက ယာထားတဲ့ ကွမ်းယာ ပါးစောင်အတွင်း ထည့်လိုက်တယ်။နောက်ပြီးမှ ပြောလက်စ စကားကိုဆက်တယ်။
'ဘုရင်မကြီးမလာလို့ လမ်းမခင်းဖြစ်ဘဲ ပုံထားတဲ့ကျောက်တုံးတွေဟာ နှစ်တွေဆယ်နဲ့ရာနဲ့ချီလာတော့ မြေကြီးထဲမြုပ်တာကမြုပ် ဟိုလူတစ်တုံးကောက်ယူ ဒီလူတစ်တုံးကောက်ယူ ဟိုရောက်ဒီရောက်နဲ့ကြာတော့ လေလွင့်ပျောက်ပျက်ကုန်တာပေါ့။ '
အဲဒီတုန်က ကျောက်တွေဆို အရည်အသွေးကောင်းနေမှာပဲနော်။
'ကောင်းတာပေါ့ကွာ အဲအချိန်ကျောက်တွေက ဖားကန့်ကြီးကျောက်တွေချည်းပဲ။ဖားကန့်ကြီးသဲဝါကျောကျေက်တွေ ဝါးဖက်ခွံ မုံထုခွံ ဆာဖိခွံ ဒီလိုမျိုးအကောင်း အခွံကောင်းတွေများတာပေါ့ကွာ။
တချို့မှော်တွေဆိုရင် ကျတော်တို့ကြားဖူးတာပဲရှိတယ်။မမီတော့ဘူး။ ဒီကျောက်တွေ အခုချိန်ဆိုရင် သိပ်အဖိုးတန်မှာပဲနော် ဆရာကြီး။