အမေက ရေနွေးကြမ်းသောက်ရင်းနဲ့ 'ဟင် ဘာလို့လဲသားရဲ့။အခုစီးနေတဲ့ ဆိုင်ကယ်ကလည်း အသစ်ပဲရှိသေးတာကိုကွယ်'လို့ ကျွန်တော်ကို အလွန်အံ့သြတဲ့ပုံစံနဲ့ မေးလာပါတယ်။ကျွန်တော်လည်း အမေ့ကို ကျွန်တော်ခံစားရတာတွေနဲ့ ပတ်သတ်ပြီး ရင်ဖွင့်ပြမိပါတယ်။အမေက ကျွန်တော်ပြောတဲ့စကားတွေကို စိတ်ဝင်တစားနဲ့နားထောင်နေခဲ့မိနေပါတယ်။ပြီးတော့ တစ်ခုကို လေးလေးနက်နက်တွေးရင်း နှုတ်ဆိတ်နေပါတယ်။ခဏလောက်ကြာတော့ အမေက ကျွန်တော်ကိုစကားလာပြောပါတယ်။
'သားရေ။အမှန်တော့ လူတွေဟာ များသောအားဖြင့် မျက်စီနှင့်မြင်လို့ရနိုင်တဲ့ အပြင်ပိုင်ရုပ်ဝတ္တုပစ္စည်းတွေကို ကြည့်ပြီး လူတစ်ဦးရဲ့ အဆင့်အတန်းနဲ့တန်ဖိုးကို အလွယ်တကူ သတ်မှတ်နေခဲ့ကြတာပါ။ရုပ်ဝတ္ထုပစ္စည်းတွေက တန်ကြေးကြီးရင် ကြီးသလို အဲဒီပစ္စည်းကို ပိုင်ဆိုင်တဲ့လူဟာလည်း ဘဝတန်ဖိုးအလိုက် ကြီးသွားပါတယ်။လူနေမှုအဆင့်အတန်းလည်း မြင့်မားတယ်ဆိုပြီး လူတွေက ထင်နေပါတယ်။ဒါတွေဟာ မှားယွင်းတဲ့ ထင်မြင်ယူဆချက်တွေပါ။လူတစ်ဦးဟာဘယ်လောက်ပဲ ကြီးပွားချမ်းသာနေပါစေ ဘယ်လောက်ပဲ တန်ဖိုးကြီး ဇိမ်ခံရုပ်ဝတ္တုပစ္စည်းတွေ ပိုင်ဆိုင်နေပါစေ အဲဒီလူကို အဆင့်အတန်းရှိပြီး တန်ဖိုးမြင့်မားတယ်လို့ သတ်မှတ်လို့မရနိုင်သေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့ လူတစ်ဦးမှာရှိနေတဲ့ တန်ဖိုးကို အမေတို့ရဲ သာမန်မျက်စီနဲ့ လွယ်လွယ်မြင်လို့မှ မရနိုင်တာ။လူဆိုတာအသက်ရှင်သန်နေချိန်မှာ သူရဲ့ကိုယ်ကျင့်သီလရယ် သမာဓိနဲ့ရိုးသားမှုဟာ သိပ်အရေးကြီးပါတယ်။
အဲဒီလိုပဲ အမေတို့မှာရှိတဲ့ ကိုယ်ကျင့်သီလတွေ သမာဓိနဲ့ရိုးသားမှုတွေကို ရုပ်ဝတ္ထုပစ္စည်းတွေလို ထုတ်ဖော်ပြီး ပြသကြွားဝါလို့မှ မရနိုင်တာ။အဲဒီအရာတွေကို တစ်ဖက်လူတွေ သိလာအောင် မြင်နိုင်အောင် အမေတို့ အချိန်ဆိုတာနဲ့ပဲ သက်သေပြကြရတာပါ' လို့ပြောပြီး အမေက စကားကို ခနရပ်လိုက်ပါတယ်။စကားတွေ အများကြီးပြောလိုက်ရလို့ အာခြောက်သွားတယ်ထင်ပါရဲ့ ရေနွေးကြမ်းလေး တစ်ငုံလောက် မော့သောက်ပြီး အမေက စကားဆက်ပြောပြန်ပါတယ်။
' ဒီမှာငါ့သား လူတစ်ဦးရဲ့တန်ဖိုးဆိုတာ အင်မတန်ကျယ်ပြန့်လွန်းတယ်။အဆုံးအစ မရှိဘူး။တွေးခေါ်ယူဆနိုင်စွမ်းနဲ့ လုပ်ရည်ကိုင်ရည်ပေါ်မှာလည်း မူတည်ပါတယ်။ဒါပေမယ့် လူတစ်ဦးရဲ့တန်ဖိုးကို မြှင့်တင်ပေးတဲ့ အဓိက အရေးကြီးတဲ့အချက်ဟာ ကိုယ်ကျင့်သီလသမာဓိနဲ့ ရိုးသားမှုလို့ အမေတွေးမိပါတယ်။ဘယ်လောက်ပဲ ပြည့်စုံချမ်းသာတဲ့ သူဌေးတစ်ဦးဖြစ်နေပါစေ သူပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေဟာ တရားကျနည်းလမ်းကျ ရိုးရိုးသားသားရှာဖွေလို့ ရထားတာ မဟုတ်ဘူးဆိုရင် အဲဒီသူဌေးဟာ အလကားပဲ။သူ့ကို အထင်ကြီးစရာမလိုဘူး။ဘာအဆင့်အတန်းမှလည်း သူမှာ မရှိဘူးကွဲ့။တန်ဖိုးရှိတဲ့ ရုပ်ဝတ္တုပစ္စည်းပြည့်စုံရုံနဲ့ အဲဒီလူဟာ တန်ဖိုးရှိသွားတာမဟုတ်ပါဘူး။
ရေးပါဦးမည်။
written by @phyo