မေတ္တာတရားဆိုသည့်မှာ ပြောမှသိမှာထက် လက်ခံကျင့်သုံးပြီး နားလည်ပေးသည်က ပိုမိုကြီးမြတ်ပါတယ်။မြိတ်ကျွန်းစုတနေရာမှ နှလုံးသားလှုပ်ခက်သံများသည် ပင်လယ်ရေလှိုင်းအလား တဝုန်းဝုန်းရိုက်ခက်လျှက်ရှိပါတယ်။ထိုနှလုံးသားများကို သာမန်မဟုတ်မှန်း ရောက်ဖူးသူတိုင်း ထိတွေ့ခံစားဖူးသူတိုင်း သိပါတယ်။သူတို့နှလုံးသားမှ ရှိုက်သံများကို မည်သူက ဂရုပြုအလေးထားပြီး မည်သူက လျစ်လျူရှုခဲ့ကြသနည်း။မေးစရာတစ်ပုံ တစ်ပင် တွေးစရာ တစ်ပုံတစ်ပင်နှင့် ထိုကျွန်းစုလေးဆီသို့ ဦးတည်လာနေခဲ့ပါတယ်။
ကျွန်းသို့လာရာလမ်းတစ်လျှောက် ကျွမ်းကျင်စွာမောင်းနှင်လာသည့် ရေယျာဉ်မှူးကြီး၏ ရှင်းပြချက်များကို ကျွန်တော်တို့နားစိုက်ထောင်ခဲ့ကြပါတယ်။တစ်ခါတစ်ခါ စက်ကိုအရှိန်လျှော့လိုက် တစ်ခါတစ်ခါ စက်ကိုအရှိန်တင်ပြီး ကွေ့ဝိုက်လိုက်နှင့်လှေအပေါ်စက်ခန်းကလိုက်သူအတွက် ပို၍စိတ်လှုပ်ရှားစရာကောင်းနေပါတယ်။အချို့နေရာများတွင် လူနေထိုင်ရာနေရာများနှင့် မနီးမဝေးတွင်ဖြစ်သဖြင့် ဒေသဓလေ့များကို ချစ်စဖွယ်မြင်တွေ့နေရပါတယ်။ပင်လယ်ကမ်းနားအိမ်များဖြစ်သလို ခြေတံရှည်အိမ်များသာဖြစ်ကြပြီး တံခါးပေါက်များမှာဖွင့်လျက် အနေအထာများဖြင့်သာ တွေ့ရပါတယ်။ပင်လယ်လေ၏ ကြမ်းတမ်းရိုက်ခက်သည့်ဒဏ်ကို ဤသို့ပင် ကြံ့ကြံ့ခံကာကွယ်ရင်းနေသွားကြပါတယ်။သို့မဟုတ်ပါက ပင်လယ်လေပြင်းတိုက်ခက်လျှင်အိမ်တိုင်ပါ ကျွတ်ပါသွားတက်သည်ကိုလည်း ရှင်ပြပေးခဲ့ပါတယ်။
ပင်လယ်ပြင်နှင့် ခဏတာထိတွေ့ခွင့်ရသော ကျွန်တော်တို့အတွက် ပျော်စရာဖြစ်သော်လည်း သူတို့အတွက်မှာမူ မည်မျှကသီလင်တ ဖြစ်လိမ့်လေမလဲဟုတွေးမိပါတယ်။အချို့နေရာများတွင် ရေပြင်ထက် ပေါလောပေါ်နေသော ပလတ်စတစ်အိတ်များ ဖော့ဘူးများကို အတိုင်းသားတွေ့မြင်နေရပါတယ်။ထိုနေရများရောက်လျှင် စက်ရှိန်ကိုလျှော့ကာ ရေယာဉ်မှူးက ခရီးသွားများစည်းကမ်းမဲ့စွာ ပစ်ထားခြင်းဖြစ်ကြောင်း။ထိုသို့ပစ်ထားသဖြင့် ပင်လယ်ထဲမှာ ရေနေသတ္တဝါများနှင့် လူများကို ဒုက္ခပေးတက်ကြောင်းလည်း သွယ်ဝိုက်သောနည်းဖြင့် ကျွန်တော်တို့ကို အမှိုက်မပြစ်စေခြင်းသည့် သဘောဖြင့် ပြောပြနေပြန်ပါတယ်။
လှေဝမ်းအတွင်းတွင် အမှိုက်ပုံးထားပေးထားပါတယ်။အချို့နေရာများတွင် ပင်လယ်လင်းပိုင်လေးများတွေ့ရသဖြင့် ခေတ္တခဏရပ်ကာ ဧည့်သည်များကိုပြပေးခဲ့ပါသေးတယ်။ထိုလင်းပိုင်လေးများက အသံပေးလျှင် လှေအနားကပ်လာတက်ပါတယ်။လှေကိုစက်ရပ်ထားလျှင် အနားပိုတိုးလေ့ရှိပါတယ်။သူတို့စိတ်ထဲတွင် လှေပျက်နေသည်ဟုထင်ပုံရပါတယ်။သူတို့၏သဘာဝအသိစိတ်ဓာတ်အရပင် ကူညီရန်အသင့်ဖြစ်နေပါတယ်။ကြည့်၍ဝပြီးဆိုမှ စက်လှေကိုဆက်ထွက်ခဲ့ပါတယ်။
ဆက်လက်ရေးသားပါမည်။