ကိုယ်တိုင်စာသင်ပေးချင်ရင်တောင် ကျတော် သူတို့ဘာသာစကားကိုလေ့လာရပါဦးပါ့မယ်။ဤနေရာတွင် ဘာသာစကား၏ အရေးပါပုံကို အကြီးအကျယ်သိမြင်ခံစားလိုက်ရပါတယ်။သူတို့လူမျိုးထဲမှ ပညာတက်သူအချို့ စာပြန်စာသင်ပေးသော်လည်း ဒေသနှင့်ဖြတ်သန်းရသည့် ဘဝအခြေအနေများအရ သူတို့မှာပညာလိုချင်တဲ့စိတ် နည်းပါးနေတာကိုတွေ့ရပါတယ်။ကျွန်တော်၏ စိတ်ညှိုးငယ်နေမှုကို ရေယာဉ်မှူးကရိပ်မိပုံပေါ်ပါတယ်။
စက်လှေတစ်စီးတွင် လူဦးရေ ၂၀ပြည့်မှထွက်ပါတယ်။တစ်ဦးကို မြန်မာကျပ်ငွေ ရှစ်သောင်းနှုန်းပေးရပါတယ်။နောက်ပြီး လူတစ်ဦးကို ပစ္စည်းအများကြီးသယ်ခွင့်မပေးပါ။ပစ္စည်းများလျှင် လူလျှော့ရမည်ဖြစ်ပါတယ်။ထိုလျှော့သောလူများအတွက် စရိတ်ကလည်ရှိပါသေးတယ်။ရေယာဉ်ပေါ်ပါသော ဝန်ထမ်းများကိုမေးကြည့်သောအခါ သူတို့က လူအပေါ်မှာ ကော်မရှင်သဘောမျိုးသာရကြပါတယ်။သူကူညီလျှင်တောင် ကျွန်တော်မည်သို့အကူအညီတောင်းရက်ပါမည်နည်းဟု ပြန်တွေးရင် အားလျှော့မိပါတယ်။
ကျွန်တော်တို့ တစ်ဦးလျှင် ဆန်တစ်ပြည်ခန့် သယ်သွားလျှင် ဆီတစ်ပုလင်းခန့် သယ်သွားလျှင်ပင် သူတို့အတွက် အထောက်အကူပြုမည်ဟု တွေးမိပါတယ်။အမှန်တွင် ခရီးသွားလျှင် ကျွန်တော်အပါအဝင် လူတော်တော်များများမှာ ဒေသဗဟုသုတများ လေ့လာရန်နှင့်ကူညီရန်မစဉ်းစား ဓာတ်ပုံရိုက်ရန် အပျော်ကျူးရန် အလေးထားကြသူများသာဖြစ်နေပါတယ်။အမှန်တွင် ကျွန်တော်တို့ထားသည့် မေတ္တာတရားဆိုသည့်မှာ ဟန်ဆောင်မေတ္တာများ ဖြစ်နေကြသည်။ သူတို့လိုအပ်သည် မလိုအပ်သည်မသိတစ်စုံတစ်ခုပေးလျှင် ကူညီရာရောက်သည်ဟု အထင်မှားနေကြပါတယ်။အမှန်တွင် ကမ်းလက်များနှင့်ဝေးနေသည့်နေရာများ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် အမြောက်အများရှိနေပါတယ်။