မေတ္တာတရား ကြီးမာသည့်လား

phyo(45)
Published in
#myanmar
Words
79
Reading
1 min
Listen
Play
9y

image
စက်လှေထွက်ပြီး မကြာမီ ဆလုံလူမျိုးများနေသော ကျွန်းတစ်ကျွန်းသို့ ဆိုက်ကပ်တော့မယ်။ကျွန်းသို့မကပ်မီ ရေယာဉ်ပေါ်မှ တာဝန်ရှိသူများက ဆလုံရွာထဲလှည့်လည်ကြည့်ရှုရန်အတွက် အချိန်ကိုတစ်နာရီပေးပါတယ်။ထိုနောက် ဆလုံရွာထဲရှိကလေးများကို ပိုက်ဆံများမပေးရန် မုန့်များနှင့် သူတို့အသုံးပြုတက်သော ပစ္စည်းများသာပေးရန် သတိပေးပါတယ်။ဈေးဆိုင်တန်းတွင် ဆန် ဆီ ဆားကအစ ပစ္စည်းအစုံအလင်ရှိသော်လည် အများမုမှာ ဘီစကွတ်ကဲ့သို့သော မုန့်ခြောက်များကိုသာ ရွေးဝယ်ကြပါတယ်။မုန့်အများစုမှာ ရာဂဏန်းခန့်သာရှိသဖြင့် လူတိုင်းလိုလိုဝယ်နိုင်ကြပါတယ်။သဲသောင်ပြင်ပေါ် ရုန်းကန်လျှောက်လှမ်းရင်း လူနေသော ကျွန်းလေပေါ် ကျွန်တော်တို့ရောက်သွားပါတယ်။အရှေ့အနောက် မကွဲသော အိမ်လေးများအပေါ် တံခါးရွက်ပိတ်မပါသော ပြတင်းပေါက်နေရာမှ ခေါင်းလေးများ ပြူထွက်လာပါတယ်။ကျွန်တော်တို့ပြောစရာကို သူတို့အနေနဲ့ နားလည်းပုံမပေါ်ပါဘူး။အချို့ကလေးများ မုန့်ပေးလိုက်သော်လည်း ပျော်ရွှင်တဲ့ပုံမပေါ်ချေ။ဆိုလိုသည်မှာ ကျွန်တော်ပေးလိုက်တဲ့အရာက သူတို့လိုချင်တဲ့အရာနဲ့ ကိုက်ညီရှိပုံမပေါ်ပေ။သူတို့မျက်နှာတွင် ကျွန်တော်တို့ လိုချင်သည့်ကျေးနပ်အားရသည့်အမူအရာများ မတွေ့ရပါဘူး။
ဓာတ်ပုံရိုက်မည်ဆိုလျှင် သူတို့က အသာလေးပဲထိုင်ပေးပေးပါတယ်။အချို့ကလေးများက ရှက်သည့်အမူအရာလေးများဖြင့် ခေါင်းငုံ့ထားသည်ကိုလည် တွေ့ရပါတယ်။အချို့လူတွေက လက်ညှိုးလေးနှင့် လက်မလေးဝိုင်ပြကာ သူတို့ရဲ့လိုအပ်ချက်ကို ထုတ်ဖော်ပြသကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘာမှမတက်နိုင်ပါဘူး။ကန့်သတ်ချက်များကြားတွင် သူတို့လိုအပ်သည့်ကိုမလေ့လာခဲ့သော ထိုခရီးကို စိတ်ကြည်နူးစွာ ဘယ်လိုလုပ်အဆုံးသတ်ရမလဲ။ရေယာဉ်မှူးပြောပုံအရ သူတို့လူမျိုးအများစုမှာ ငွေကို လက်ဝယ်ကိုင်ပြီး သုံးရသူနည်းပုံပေါ်ပါတယ်။သူတို့က ပင်လယ်ထဲလပေါင်းများစွာရှာဖွေ၍ ရလာသော အဖိုးတန်ပစ္စည်းကို သူတို့လိုအပ်သည့် အစေားအသောက်နဲ့လဲလှယ်ကာ တစ်နှစ်နှင့်တစ်နှစ် ရှေ့ဆက်နေရပါတယ်။
ဆေးပေးခန်းရှိသော်လည်း ဆေးနှင့်ကျွမ်းသူတစ်ယောက်မှမရှိပါဘူး။နောက်ပြီး စာသင်ကျောင်းရှိသော်လည်း ကျောက်တက်ရမည့်သူမရှိသည့် သူတို့အဖြစ်ကိုတွေးပြီး စိတ်မကောင်းဖြစ်ရုံမျှလွဲ၍ မည်သို့တက်နိုင်ပါ့မလဲ။

မေတ္တာတရား ကြီးမာသည့်လား | Ecency