Mother's day

phyo(45)
Published in
#myanmar
Words
125
Reading
1 min
Listen
Play
9y

လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗစရိယ မိနဲ့ဖ'ဆိုသည်အတိုင်း အနန္တောအနန္တဂိုဏ်းဝင်ကျေးဇူးရှင် မိခင် ဖခင်တို့သည် 'ကျွေးမွေးမပျက် ဆောင်ရွက်စီမံ မွေခံထိုက်စေ လှူမျှဝေ၍ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့သာ' ဆိုသည့်ဝတ္တရားတို့နှင့်အညီ သားသမီး မြေးမြစ်များအနေဖြင့် ရိုသေဂါရဝကျေးဇူးသိတက်ကြရပေးမည်။
ကျွန်တော်တို့နိုင်ငံတွင် ဆရာကြီးဦးသုခ၏ကျေးဇူးဖြင့် 'အမေနေ့'ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ 'အဖေနေ့' ရော'မိဘနေ့' ကိုပါကျင်းပလာကြသည်ကိုတွေ့ရပါတယ်။'ဂါရဝေါစနိဝါတောစ သန္တုဋ္ဌိစကတညုတာ'ဆိုသည့်အတိုင်း ရိုသေထိုက်သူကို ရိုသေခြင်းသည် ကောင်းမြတ်သော မင်္ဂလာတရားပင်ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် မေ ၁၃ တနင်္ဂနွေနေ့ကို 'အမေများနေ့' အဖြစ် သတ်မှတ်ကျင်းပကြပါတယ်။၎င်းနေ့တွင် သန်းပေါင်းများစွာသော အမေရိကန်ပြည်သူများက သူတို့၏ အမေများကို နည်းမျိုးစုံဖြင့် ဂုဏ်ပြုကြပါတယ်။အမေများနေ့သည် သားသမီးများအနေအဖြစ် အမေများအပေါ် ချစ်ခင်ခြင်း ကျေးဇူးတရားကို သိနားလည်းခြင်းတို့ဖြင့် ကြည်ညိုလေးစားသည့်အတိုင်း ထုတ်ဖော်ပြသသည့်နေ့လည်ဖြစ်ပါတယ်။အမေများထံ ပန်းစည်းလက်ဆောင်ပေးခြင်း အမေများကို ဖိတ်ကြားဂါရဝပြုကာ စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံကျွေးမွေးခြင်းများပြုလုပ်ကြသည်။
အမေရိကန်နိုင်ငံတွင် အမေများနေ့ကို ကျင်းပခဲ့သည်မှာ လွန်းခဲ့သောနှစ်ပေါင်း၈၀ကျော်ကပင် ဖြစ်သည်။ထိုနေ့ကို အမျိုးသားအခမ်းအနားတစ်ရပ်အဖြစ် ကျင်းပခဲ့ကြပါတယ်။တူရကီ လူမျိုးတို့၏ ရှေးဟောင်းယဉ်ကျေးမှုတစ်ရပ်ဖြစ်သော နတ်သမီး စိုင်ဘီလီ(SYBELE)ကို ဂုဏ်ပြုပူဇော်ရာမှ စတင်ခဲ့ခြင်းဖြစ်ပါတယ်။ထိုလူမျိုးတို့၏ ယုံကြည်မှုအရ စိုင်ဘီလီအပေါ် ယုံကြည့်ကိုးကွယ်မှုမှာ ရှေးဟောင်းခေါမနှင့်ရောမတို့၏ ယဉ်ကျေးမှုတိုင်အောင် ပျံ့နှံ့လာခဲ့ရပါတယ်။ရာစုနှစ်ပေါင်းများစွာ ကုန်သွယ်လာခဲ့ပြီးနောက် အခြားသောနိုင်ငံများတွင်လည် အလာတူ မိခင်များကို ဂုဏ်ပြုသည့် အခမ်းအနားများ ကျင်းပလာခဲ့ကြပါတယ်။
image
သက္ကရာဇ် ၁၈၀၀ပြည့်နှစ်လွန် နှစ်များတွင် အမေရိကန်လူမျိုးစု အနည်းစုမှာ ဒေသအလိုက် မိခင်များကို ဂုဏ်ပြုသည့်အခမ်းအနားများ ပြုလုပ်ရန် စည်းရုံးခဲ့ကြပါတယ်။သို့သော် တစ်မျိုးသားလုံးဆိုင်ရာ အခမ်းအနားဖြင့် ပြုလုပ်ရန်ကိုမှု အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရပါတယ်။ထိုသို့ လှုံ့ဆော်ရာတွင် အတက်ကြွဆုံး ပုဂ္ဂိုလ်မှာ အင်နာဂျာဗစ် (ANNAJARVIS)ဆိုသူ အမျိုးသမီးဖြစ်၍ သူသည် ၁၉၀၀ပြည့်နှစ်စောစောပိုင်က အစပျိုးကာ လွှတ်တော်အမတ်များ မြို့တော်ရှိအစိုးရအရာရှိများ ကျောင်းဆရာများ သတင်းစာထုတ်ဝေသူများထံ ထောင်ပေါင်းများစွာသော သဝဏ်လွှာများကို ပေးပိုခဲ့၏။နိုင်ငံအနှံ့လည်း လှည့်လည်းလှုံဆော်ခဲ့ပါတယ်။၁၉၄၁ခုနှစ်တွင် သမ္မတကြီး ဝုဒ်ရိုးလ်ဝီဆင် (Woodrow Wilson)နှင့် ကွန့်ဂရက်လွှတ်တော်မှ အမေရိကန်နိုင်ငံတွင် မေလ၏ ဒုတိယအပတ် တနင်္ဂနွေနေ့ကို 'အမေများနေ့' အဖြစ် သတ်မှတ်သင့်ကြောင်း သဘောတူညီခဲ့ကြပါတယ်။
image

Mother's day | Ecency