SDB Share Tokens Distribution and Lucky Drawing Mega Million Lottery

Words
124
Reading
1 min
Listen
Play
3y

Spring Development Bank ၏ Seed Round ICO ရောင်းချပွဲသည် အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။
Launch Sale November 17 - 27 ရက်အတွင်း 10 Millions SDB Tokens ရောင်းချပေးရန် စီစဉ်ထားခဲ့ပေမယ့် ၉ ရက်အတွင်း SDB Share Token 10 Millions ရောင်းထွက်ခဲ့ပါတယ်။
ရောင်းချပေးမည့် ရက် အကန့်အသတ် ၁၀ ရက် မပြည့်မြောက်ခင် 10 M ကုန်ခဲ့သော်လည်း ဝယ်ယူလိုသူတွေ ကျန်ရှိနေသေးသည့်အတွက် ကျန်ရှိသည့်ရက်မှာ ဆက်လက် ရောင်းချပေးခဲ့ရာ SDB Bank Share Token 12 Millions နီးပါး ရောက်ရှိခဲ့ပါသည်။
သတ်မှတ်ထားသည်ထက် ပိုမို အောင်မြင်ခဲ့သော Spring Development Bank ၏ ICO အရောင်းပွဲတစ်ခုပါပဲ။

နိုင်ငံတကာမှ မြန်မာနိုင်ငံသားများက ဝယ်ယူကြသည်ဖြစ်ရာ Token Distribution ကတော့ အချိန်အနည်းငယ် ကြာမြင့်ခဲ့ပါတယ်။
ကျွန်တော် ဝယ်ယူထားသော USD$200 ဖိုး SDB 200000 Tokens ကိုတော့ December 1 ရက်နေ့လောက်မှာ ရရှိခဲ့ပါတယ်။
လောလောဆယ်မှာတော့ SDB Tokens ကို အလွဲအပြောင်းပြုလုပ်၍ မရသေးပါ။

ကျွန်တော်၏ Spring Development Bank account ထဲမှာ ငွေ အနည်းငယ် ရှိသေးတာကို ကျွန်တော်က သန်းကြွယ်သူ‌ဌေး ဖြစ်လိုသည့် အိပ်မက်ဖြင့် dreamseller ထံမှ အမေရိကန်နိုင်ငံ၏ ပြည်နယ် ထီ တစ်မျိုးဖြစ်သော Mega Million CA Lottery တစ်စောင် ကံစမ်းထားပါတယ်။

Mega Million ထီ သန်းဂဏန်း ပေါက်ခဲ့ရင်တော့ နိုင်ငံခြား ပြောင်းနေပြီး နွေဦးတော်လှန်ရေးကို ပိုမို အားဖြည့်နိုင်မည်ဟု မျှော်လင့်မိပါသည်။

SDB Share Tokens Distribution and Lucky Drawing Mega Million Lotter... | Ecency