ဒီလ ထောက်ပို့ နွေဦး အိပ်မက်

Words
75
Reading
1 min
Listen
Play
2y

မင်္ဂလာပါ။
နွေဦးတော်လှန်ရေး အောင်မြင်ဖို့ နီးကပ်လာပါပြီ။
အမြန်အောင်မြင်ဖို့ အားထည့်ရုန်းကြဖို့ လိုပါတယ်။
လာပါ ကျွန်တော်တို့ အတူတူ ရုန်းကြရအောင်ပါ။


ဒီလအတွက်တော့ ထောက်ပို့ထီ ၁၀ ထိုးထားပါတယ်။
သိန်း ၅၀၀ ပေါက်ရင်တော့ တော်လှန်ရေးကို ပို ကူနိုင်မှာပါ။


ကိုယ့်အတွက် လိုအပ်တာလေးတွေရော သုံးလို့ ရမလားပဲ။
တော်လှန်ရေး အောင်ဖို့က အဓိကပါလေ။


နွေဦးထီ ကိုတော့ စဖွင့်ကတည်းက လစဉ် ၃ စောင် ထိုးခဲ့ပါတယ်။
နွေဦးထီ က သန်း ၅၀၀ ဆုကြီးပါ။
ဘယ်လောက်ဖြစ်ဖြစ် ပေါက်ချင်ပါတယ်။
အိုးအိမ်မဲ့ အခန်းငှား ဘဝဖြင့် နေထိုင်ရတာကို စိတ်ကုန်နေပါပြီ။


ထောက်ပို့တပ်သား PRF အဖွဲ့ဝင်ထားတော့ လစဉ် NUG PDF ကို ထောက်ပို့နေဖြစ်ပါတယ်။
ဒီလ အတွက်တော့ တော်လှန်ရေး အတွက် MMK 61000 အသုံးပြုပြီး ဖြစ်ပါတယ်။
လောလောဆယ်တော့ Hive မှ ရသော ဝင်ငွေ ဖြင့် နွေဦးတော်လှန်ရေးကို ထောက်ကူနေပါတယ်။

လာပါ ကျွန်တော်တို့ ပြိုင်တူ တွန်းလှန်ကြရအောင်ပါ။

ဒီလ ထောက်ပို့ နွေဦး အိပ်မက် | Ecency