လူမူပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့်နေမည်ဆိုလျှင် အားလုံးနှင့်သဟဇာတဖြစ်ရန်အလွန်အရေးကြီးပါသည်.ဥပမာပြောရလျှင် ကိုယ်နေတဲ့အိမ်နားမှာဆိုရင်လည်း အိမ်နီးနားချင်းများအားလုံးနှင့်လိုက်လျောညီထွေအဆင်ပြေမှသာယာသောပတ်ဝန်းကျင်တစ်ခုဖြစ်နေပေလိမ့်မည်.သို့မဟုတ်ဘဲ ဘယ်သူနဲ့မှမတည့်ဘဲ နေပါက ကိုယ်ကိုယ်တိုင်လည်းနေလို့ပျော်မည်မဟုတ်ပေ.တစ်ခုခုအကူအညီလိုအပ်လာလျှင်လည်း မည့်သူ့ကိုမျှမတောင်းရဲဘဲ တစ်ယောက်ထဲနဲ့ဒုက္ခရောက်ရတတ်သည်.
ပြသနာတစ်ခုခုပေါ်လာတိုင်းမည်သူကိုမျှဒေါသနှင့်မတုန့်ပြန်သင့်ပါ.ဒေါသဖြစ်နေချိန်ပြောသောစကားများသည် မှန်ဖို့ထက် အမှားဘက်ကိုသာဦးတည်နေပေလိမ့်မည်.
ဒါကြောင့်လည်း လူကြီးတွေပြောသောစကားကိုကြားယောင်မိသည်.ပြသနာတစ်ခုခုတက်လို့ဆုးံဖြတ်ချက်ချတော့မည်ဆိုလျှင် ဒေါသထွက်တုန်းတွင် ဆုံးဖြတ်ချက်မချဘဲ စိတ်အေးလက်အေးဖြစ်တဲ့အချိန်မှပဲ ဆုးံဖြတ်ချက်ချပါလို့ပြောခြင်းဖြစ်သည်.များသောအားဖြင့် လင်မယားနှစ်ယောက်ရန်ဖြစ်ပီဆိုပါက ဒေါသထွက်နေသောအချိန်တွင် "ကွဲမည်"
" ကွာမည်"ဟု ဆုံးဖြတ်ချက်ကို ဒေါသနှင့်ဆုံးဖြတ်ချက်ချမိပီး နောက်မှ နောင်တရတာမျိုးလည်းဖြစ်တတ်ပါသည်.ရန်ဖြစ်ပီး ၂ရက် ၃ရက်ကြာတဲ့အချိန်မှ သားသမီးမျက်နှာပဲဖြစ်ဖြစ်/တခြားအကြောင်းအရာပဲဖြစ်ဖြစ် ပြန်ကြည့်ပီး "ငါမှားသွားပီ" ဆိုပီးအတွေးများဝင်ပီးနောင်တရတတ်ပါတယ်.ဘယ်ပြသာနာပဲဖြစ်ဖြစ်ခေါင်းအေးအေးထားပီးစဉ်းစားမှသာအနီးစပ်ဆုံးအဖြေကိုရပေလိမ့်မည်.
ထို့ကြောင့် ဆံပင် ညှက်ဆိုင်တွေမှာချိတ်ဆွဲထားသောဆောင်ပုဒ်တစ်ခုကိုသတိရမိသည်.
"အရေးတစ်ကြီး
ဆောင်ရွက်ရသောအလုပ်သည်
အကောင်းမဖြစ်နိုင်ပါ"ဟူ၍တည်း.
လူမူပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် လူတိုင်းလူတိုင်း မိသားစုတိုင်း မိသားစု တိုင်း စာဝတ်နေရေးအတွက်ရုန်းကန်လှုပ်ရှားနေကြရသည်.ဒါပေမဲ့ အချို့ကပညာနဲ့အသက်မွေးဝမ်းကြောင်းပြုသလို တစ်ချို့တွေကကြတော့လည်း ခွန်အားနဲ့အသက်မွေးကြောင်းပြုကြရသည်.ဘယ်လိုပဲအသက်မွေးဝမ်းကြောင်းပြုပြု သမာအာဇီဝကျသောအလုပ်နှင့်
အသက်မွေးဝမ်းကြောင်းပြုခြင်းကသာကောင်းပေသည်.
တစ်ချို့လူတွေဆို ပိုက်ဆံကိုအရမ်းလိုချင်လွန်ပီး.လွယ်လွယ်နှင့်ငွေရပီး သမာအာဇီဝမကျဘဲ မသန့်ရှင်းသောအလုပ်များကိုလုပ်နေသူများလည်းရှိသည်.ထိုလူများလည်းများသောအားဖြင့်ကြာကြာမခံပေ.တရားမဝင်အလုပ်များကြောင့်တစ်ခါမဟုတ်တစ်ခါဖမ်းဆီခံရပီးထောင်ထဲကိုသာရောက်သွားကြသည်.ဘဝမှာ ရိုးသားကြိုးစားပီးလုပ်ကိုင်နေသောလူများအတွက်တော့အလုပ်မရှားပေ.ငွေရမလွယ်ကူပေမဲ့ ဖြူစင်သန့်ရှင်းသောထမင်းတစ်လုတ်အတွက် မိမိကိုယ်ကိုယ်ဂုဏ်ယူလို့ရသည်.သန့်ရှင်းသောအလုပ်ဖြစ်တဲ့အတွက် ဘယ်နေရာမှာပဲနေနေ ကိုယ့်လိပ်ပြာကိုယ်လုံသည်.ပိုက်ဆံမရှိတာကပြန်ရှာလို့ရသည်.ကိုယ့်သမိုင်းတွင်ကျန်ရစ်ခဲ့သည့်အမည်းစက်ကဖျောက်ဖျက်လို့ရမည်မဟုတ်ပေ.လူတစ်ယောက်၏ဂုဏ်သိက္ခာဆိုတာ အဲ့လူလုပ်ခဲ့သောသမိုင်းကိုကြည့်ရုံနှင့်သိနိုင်သည်.ရာဇဝတ်မူတစ်ခုခုကြောင့်ထောင်ကျပီး ထောင်မှလွတ်လာသောလူတစ်ယောက်ကို ထောင်ကလွတ်လာပီးနောက်ပိုင်းအဲ့လူကောင်းတာတွေ ဘာတွေပဲလုပ်လုပ် သူ့ကိုလူလိမ္မာတယ်လို့ပြောတဲ့လူတော်တော်ရှားသွာမည်.ဘာလို့လဲဆိုတော့ အဲ့ဒီလူ၏အရိပ်မည်းကြီးက သူ့ကိုပစ္စုန်ပန်ထိ လိုက်နေခြင်းဖြစ်သည်.လူတွေရဲ့သဘာဝအတိုင်းတော်တဲ့လူကိုချီးမွှမ်းမဲ့လူထက် အားနည်းတဲ့သူရဲအားနည်းချက်ကိုရှာပီးပြောမဲ့လူကပိုများပေးလိမ့်မည်.ထို့ကြောင့်ပိုက်ဆံတစ်ခုအတွက်နဲ့မိမိဂုဏ်သိက္ခာနှင့်သမိုင်းကိုမလဲသင့်ပေ.အဆောင်အယောင်တွေများပြားလှတဲ့ အိမ်ကြီးထဲမှာစားကောင်းသောက်ဖွယ်အစုံအလင်ကို စိုးရိမ်ပူပန်မူနဲ့စားရတာထက် နုံချာတဲ့အိမ်လေးထဲမှာ ဟင်းလေး၁ခွက် ၂ခွက်လောက်ကို အပူပင်မရှိ လွတ်လပ်ပေါ့ပါးစွာစားရတာကပိုတန်ပါလိမ့်မည်.လူတိုင်းလူတိုင်းမှာအမှားနဲ့မကင်းဘူးဆိုပေမဲ့ တစ်ချို့အမှားတွေကခွင့်လွှတ်လို့ရသလို ခွင့်လွှတ်လို့မရတဲ့အမှားတွေလည်းအများကြီးရှိပါသည်.ထို့ကြောင့် ငွေတစ်ခုအတွက်နဲ့မိမိ၏ဂုဏ်သိက္ခာနှင့်သမိုင်းမှာကျန်ခဲ့မည့်အရိပ်မည်းကြီးများဖြစ်လာမည်ကိုတော့မလဲသင့်ပေ.ဘာအလုပ် ပဲလုပ်လုပ်မိမိကိုယ်ကိုယ်လိပ်ပြာသန့်ဖို့ကအရေးကြီးပါသည်.သို့မှသာမိမိကိုယ်ကိုယ်ယုံကြည်မူရှိပီး အောင်မြင်နိုင်ပေမည်.ငွေနောက်လိုက်ရင်းလိုက်ရင်း မကောင်းတဲ့လမ်းမှားကိုမရောက်စေရန်အလွန်အရေးကြီးပါသည်.အလုပ်တိုင်းအလုပ်တိုင်းမှာသမာအာဇီဝကျဖို့နဲ့မိမိ၏သမိုင်းမရိုင်းဖို့ကအဓိကအရေးပါသည်.ဥပမာပြောရလျှင် ကျွန်တော်တို့ရဲ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ရဲသမိုင်းလှခဲ့လို့ ကျွန်တော်တို့ယနေ့ထက်ထိ ဗိုလ်ချုပ်ကိုချီးကျူးပြောဆိုနေကြသည်.ဘယ်အလုပ်ပဲလုပ်လုပ် သမာအာဇီဝကျဖို့နဲ့ မိမိ၏သမိုင်းလှအောင်မိမိ၏လုပ်ရပ်ကပဲလက်ညိုးထိုးပြခဲ့တယ်ဆိုတာ ဗိုလ်ချုပ်ကပင် သက်သေပြခဲ့ပီတကား.....
photo credit from google image
Steemit Platformပေါ်မှ
ဆရာ /အစ်ကို အစ်မအားလုံးကို ဦးထိပ်ထားလျှက်
Author@patrickshar
MSC-174