မျက်ရည်ကျတဲ့ အချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့။ မှားတတ်လို့ပါ။ အဲ့ဒီအချိန်မှာ အဆိုးမြင်စကားပြောခြင်းကိုလည်း နည်းနိုင်သမျှနည်းအောင် ထိန်းပါ။
အခက်ခဲ ကိစ္စတစ်ခုကို အမြဲတွေးတော မနေပါစေနဲ့။ ခံစားချက်တိုင်းကို သင်ဆီမှာသောင်မတင်ပါစေနဲ့။ သင်မှာတိုင်ပင်စရာ သူငယ်ချင်းတွေ၊ မိဘတွေ ရှိသေးတယ်ဆိုတာ သတိရပါ။ ဘယ်လိုတွေပဲ အခက်ခဲတွေပဲကြုံခဲ့ နောက်ဆုံးပြန်စဉ်းစားကြည့်တဲ့ အခါမှာ သိပ်အရေးမကြီးတော့တာကို ခံစားရပါလိမ့်မယ်။
မှားမှာကို မကြောက်ပါနဲ့ ။ မှားခဲ့ရင်တောင် တွေးတော့ပူပန်မနေပါနဲ့ ။လူဘ၀ဆိုတာ အမှားအမှန်ဒွန်တွဲနေတာပါ။ သင်ခန်းစာယူပြီး အကောင်းဆုံးရှေ့ဆက်သွားနိုင်ရင် ရပါပြီ။
အဆိုးမြင်စိတ်ဆိုတာ လူတွေမှာ အမြဲရှိတတ်ပါတယ်။ စိတ်ခံစားချက်ကို ဦးစားမပေးဘဲ အကောင်းမြင်စိတ်လေး အစားထိုးပေးမယ်ဆိုရင် အားလုံးအဆင်ပြေအောင်မြင်သွားမှာပါ။
တစ်ယောက်ယောက်က သင့်ကို အဆက်သွယ်လုပ်ခြင်း၊ မလုပ်ခြင်း ၊ စကားပြောခြင်း၊မပြောခြင်း သာမာန်ကိစ္စတစ်ခုလို့ပဲ သိထားပါ။ ဘ၀ဆိုတဲ့ ဧည့်ခန်းထဲကို ဒီလိုပဲ လူတွေဝင်လာလိုက် ထွက်သွားလိုက်နဲ့ ဖြစ်ပျက်နေကြပဲ။ သင့်ဧည့်ခန်းထဲ အမြဲထိုင်ပြီး အဖော်လုပ်ပေးနေတဲ့ လူတွေကို ဂရုစိုက်ပေးဖို့လိုပါတယ်။
တစ်ခုခုကို နားမလည်ရင် မေးပါ။ နားမလည်တဲ့ ကိစ္စမို့ ကိုနဲ့ မဆိုင်ဘူးလို့ ဘယ်တော့မှ မမှတ်ယူပါနဲ့။ တချိန်ချိန်မှာ တနည်းနည်းနဲ့ သက်ဆိုင်လာနိုင်ပါတယ်။
သင့်ကို ခေါင်းစားစေတဲ့ ကိစ္စတော်တော်များများဟာ သင်ကိုယ်တိုင် ဖန်တီးထားတာဖြစ်ပါတယ်။ သင့်ပြသနာတွေကို အများကို ပြောပြတဲ့ အခါ ၅၀ ရာခိုင်နှုန်းက ဒီပြသနာတွေရှိနေလို့ ပျော်နေပါလိမ့်မယ်။ နောက် ၄၀ရာခိုင်နှုန်းက စိတ်မ၀င်စားပါဘူး။ ၁၀ ရာခိုင်နှုန်းကသာ သင့်အတွက် ပူပန်ပေးပါလိမ့်မယ်။ ဒါကြောင့်ကိုယ့်ဘာသာကိုယ် ဖြေရှင်းဖို့ကြိုးစားပါ။
ကတိတစ်ခုကိုတန်ဖိုးထားပါ။ ကတိလွယ်လွယ်ပေးပြီး မတည်ရင် လူတွေက သင့်ကိုယုံကြည်တော့မှာ မဟုတ်ပါဘူး။ အဲဒီအခါ စီးပွားရေးဖြစ်ဖြစ်၊ လူမှုရေးဖြစ်ဖြစ် ၊ Relation ဖြစ်ဖြစ် ဆောက်တည်တဲ့ အခါမှာ ခက်ခဲသွားတတ်လို့ပါ။
လောကမှာ ကြောက်မယ်ဆိုရင် ကြောက်စရာတွေဟာ ဆုံးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကြောက်ရွံမနေပါနဲ့။ ဖြေရှင်းလို့ရရင် ဖြေရှင်းပါ။ ဖြေရှင်းလို့မရရင် လက်လွှတ်ပါ။ တစ်ခုခုကိုကြောက်ရွံလို့ ဖိအားဒဏ်ခံပြီး ကိုယ့်ကိုယ်ကို မနှိပ်စက်ပါနဲ့။
စကားပြောတဲ့ အခါ ဘယ်လောက်ပဲ ယုံရတဲ့လူဖြစ်စေ မိမိအကြောင်းအကုန်မပြောပါနဲ့။ မိမိစကားတစ်ခွန်းပြောခါနီး တွေးရမှာက ပြောလိုက်ရင် ဘာကောင်းကျိုးရှိလဲ ၊ ဘာဆိုးကျိုးရှိလဲ နှစ်မျိုးပဲ စဉ်းစားပါ။
ရလဒ်မကောင်းမှာ စိတ်မပူပါနဲ့။ အောင်မြင်သူတိုင်းက ပြီးပြည့်စုံမယ်သေချာလို့ စွန့်စားလုပ်ကိုင်ခဲ့ကြတာ မဟုတ်ပါ။ ဒီလိုပဲ လုပ်ရင်းကိုင်ရင် ပြန်ပြင်ရင်းနဲ့ လမ်းကြောင်းမှန်ပေါ်ရောက်သွားတာချည်းပါပဲ။ အကောင်းဆုံးသာ အဆက်မပြတ်လေ့လာပါ ။ ရလဒ်က အလိုလို နောက်ကလိုက်လာပါလိမ့်မယ်။
နောင်တရတတ်တာ လူ့သဘာဝပါ။ နောင်တထဲမှာနေထိုင်ရင်တောင် အမှားလုပ်တာထက်ဆိုးပါတယ်။ နောက်အမှားတစ်ခုဆက်လုပ်စေဖို့လဲ များပါတယ်။
ဒုက္ခနဲ့ ကြုံတွေ့တဲ့ အခါ ငါ့ကျမှ ဖြစ်ရလေခြင်းလို့ ညည်းတွားမဲ့ အစား ငါ ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ စိတ်မျိုးအမြဲမွေးပါ။ သင်သိထားတဲ့ စိတ်ဓာတ်ကြံ့ခိုင်သူတွေကို စိတ်ဓာတ်ကြံခိုင်တာမဟုတ်ပါဘူး။ သူတို့က လက်လျှော့အရှုံးပေးတယ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို နားမလည်တာပါ။ အဲ့လိုလုပ်တတ်တဲ့ အကျင့်မရှိတာပဲ။ အရာအားလုံးကို စိတ်ရဲ့ အလေ့အကျင့်ပါ။
ကိုယ်လက်အင်္ဂါချို့တဲ့ နေပါစေ မျှော်လင့်ချက်ဖြင့် အသက်ရှင်ပါ။
လဲကျတိုင်း ပြန်ထ၊ လဲကျတိုင်း ပြန်ထ၊ ဘယ်နှစ်ကြိမ်လဲ နိုင်မလဲဆိုတာ လောကကြီးကို စိန်ခေါ်လိုက်ပါ။ လူ့စိတ်ဝိဥာဉ်ဟာ ကျွန်တော်တို့ထင်ထားတာထက် အခက်ခဲအတားအဆီးတွေကို ကျော်လွှားဖြေရှင်နိုင်ပါတယ်။ နောက်ဆုံးရလဒ်ကသာလျှင် အဓိကကျပါတယ်။