အလုပ်ပြီးတဲ့နောက် မနက်ဖြန်လုပ်စရာရှိတဲ့ အရာတွေ ၊ နောက်လအတွက်ပေးစရာရှိတဲ့ စရိတ်စကတွေ ၊ မတွေ့ကြုံရသေးတဲ့ အနာဂတ်အကြောင်း ဟိုဟိုဒီဒီ လျှောက်တွေးနေတာတွေရပ်ပါ။ ဒီလိုမျိုး တွေးလိုက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်မှာ စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ နာတာရှည်ရောဂါ တွေဖြစ်စေပါတယ်။ စိတ်လှုပ်ရှားရခြင်း အများစုက လက်ရှိပစ္စုပ္ပန်မှာ စိတ်မရှိဘဲ အနာဂတ်ကိုပဲ တွေးတောနေလို့ပါ။ ဒါကြောင့် အတွေးတွေမပြန့်ဖို့ စိတ်ကို ပစ္စုပ္ပန်မှာထားပါ။