သင်က မူကြိုကလေးတွေကို စာသင်ပေးရတာမျိုး ဝါသနာပါတယ်ဆိုရင် ထိုအလုပ်ကို ရွေးချယ်ပြီးလုပ်နိုင်အောင်လုပ်ပါ။ သင်က ဘောလုံးသမားဖြစ်ချင်တယ်ဆို ဘောလုံးသမားဘဝကို ဘယ်လိုကြိုးစားနိုင်မလဲတွေးပြီး ဘောလုံးသမားဘဝနဲ့ ရှင်သန်ဖို့ကြိုးစားပါ။ ကဗျာရေးတာလား၊ ပန်းချီဆွဲတာလား၊ ကလေးတွေကို ရေကူးသင်ပေးချင်တာလား စသည်ဖြင့် သင်တကယ်ချစ်တဲ့အလုပ်ကိုလုပ်ခြင်းက သင့်အတွက် အလုပ်တစ်ခုလုပ်နေရတယ်လို့ကို မခံစားရတော့ဘဲ ပျော်ရွှင်စရာနေ့ရက်တွေဖြစ်နေမှာပါ။