အပေါ်ယံသာဆက်ဆံပါ

nyonyomg(22)
Published in
#pob
Words
36
Reading
1 min
Listen
Play
5y

သူတို့လိုလူမျိုးဟာ သင့်အပေါ် လိုသုံးတစ်ခုလိုသာ ဆက်ဆံမယ့်သူတွေပါ။ အဲဒီလိုလူက ပြုမူသမျှ၊ ပြောဆိုသမျှကို အလေးအနက်ထားမခံစားပါနဲ့။ သင့်ကို ဥပမာ။ နင့်ရုပ်က ငါ့ထက်ဆိုးတာကိုး၊ နင်ကလည်း ပိန်လိုက်တာရောဂါသည်ကျနေတာပဲ၊ နင်က နဂိုထဲက ငါ့လောက်မှအသုံးမကျတာကိုး စသဖြင့် အဲဒီလို လက်လွတ်စပယ်ထိခိုက်အောင်ပြောတဲ့စကားမျိုးတွေကို မခံစားပါနဲ့။ အချိန်ကုန်ပါတယ်။ သင်လည်း သူတို့အပေါ် ထမင်းစားရေသောက် မေးထူးခေါ်ပြောလောက်သာ သဘောထားဆက်ဆံပါ။ တွေ့တဲ့အခါ အစွမ်းကုန် အကောင်းဆုံးဆက်ဆံပေးလိုက်ပါ။ မတွေ့တဲ့အခါ အားလုံးမေ့ပစ်လိုက်ရုံပါပဲ။ အများကြီးခံစားရင် သင်ပဲနာကျင်၊ အချိန်ကုန်၊ စိတ်ညစ်ပါလိမ့်မယ်။

အပေါ်ယံသာဆက်ဆံပါ | Ecency