Innovative skill , Creative skill

Words
201
Reading
1 min
Listen
Play
9y

Innovative skill , Creative skill
innovation-lightbulb-chalkboard-shutterstock165062-crop-600x338.jpg
PhtoFromGoogle

Steemit လမ်းပေါ်လျောက်လှမ်းနေကြသော လူသစ်တန်းက သူငယ်ချင်း မိတ်ဆွေ အပေါင်း အတွက် ကျနော် တွေးမိတာလေး တစ်ခုတင်ပြချင်ပါတယ်။ ပုံပြင် လေးတစ်ပုဒ်နဲ့ ပုံဖော် ပေးချင်ပါတယ်။
တခါတုန်းက ရွာတစ်ရွာမှာ သက်တူရွယ်တူ သူငယ်ချင်း၂ယောက် ဒိသာပါမောက္ခဆရာကြီးထံ သွားရောက်ပညာသင်ကြပါသည်။
အချိန်တန်လို့ ပညာများ သင်ယူတတ်မြောက်ပြီး မိမိရပ်ရွာကို ပြန်လာကြစဉ် လမ်းခရီးမှာ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံကြသောအခါ ထို အမျိုးသမီးက သူမ၏ ခင်ပွန်း ပျောက်နေတာကို သတင်းမေးမြန်းပါတယ်။
ထိုအခါ ပညာများ သင်ယူတတ်မြောက်လာသော သူငယ်ချင်းနှစ်ဦးက ဗေဒင်လက်ခဏာပညာဖြင့်တွက်ချက်ကြပြီး ပထမ တစ်ဦးက သင်၏ခင်ပွန်း အသက်သေပီဟု ပြော၏။ ဒုတိယသူက တော့ သင်၏ခင်ပွန်းအသက်သေတာမှန်တယ် ရွာ၏အရှေ့ဘက်မှာ ကျားကိုက်လို့ သေဆုံးတာဟု တိတိကျကျ ဖြေလေ၏ ။ အမျိုးသမီးက သွားရောက်ကြည့်သည့်အခါ ဒုတိယလူပြောသည်မှာပို၍မှန်ကြောင်း တိကျကြောင်းဆိုလေသောအခါ ပထမသူက မကျေနပ်ပေ သူတို့ကိုသင်ပေးလိုက်သောဆရာကြီးသည် သူ၏သူငယ်ချင်းအား ပိုသင်ပေးလိုက်သလားဆိုတာ သူ့သူငယ်ချင်းအား မေးမြန်းလေတော့သည်။
သူငယ်ချင်းနှစ်ယောက်လည်း ဆရာကြီးထံ ပြန်မေးကြမယ်ဆိုပီး ပြန်လာကြပါတယ်။ ဆရာကြီးထံရောက်တော့ တပည့်ခြင်းအတူတူ သူကပိုတတ်နေပါတယ် ဘယ်လိုဖြစ်တာလဲဟု မေးမြန်းသောအခါ ဆရာကြီးက ပြန်မဖြေပဲ အိုးနှစ်လုံးကိုပေးကာ မိုးသောက်လုအချိန်မှာ မြေပေါ်မကျသေးသော နှင်းရည်များ ရအောင်စုဆောင်းခဲ့ကြဟု တပည့် ၂ဦးကိုခိုင်းလိုက်ပါတယ်။
ပထမတစ်ယောက်က သစ်ရွက်ပေါ်တင်နေတဲ့ နှင်းစက်ရည်များကို တစ်ရွက်ချင်း၊ တစ်စက်ချင်း ခါချပြီးစုပါတယ်။ ဒုတိယတစ်ယောက်ကတော့ ပဝါတစ်ထည်နဲ့ မြက်တွေပေါ်တင်နေသော နှင်းစက်များကို စိုစွတ်စေပြီး အိုးထဲကိုညှစ်ချ စုယူပါတယ်။
မနက်မိုးသောက် နေထွက်ချိန်မှာ ဆရာက တပည့်တေရဲ့ အိုးတွေကိုစစ်ဆေးသည့်အခါ ဒုတိယ တပည့်၏ အိုးက နှင်းရည်အပြည့်ရပေမယ့် ပထမတပည့်၏ အိုးမှာ အနည်းငယ်သာရသည်ကို တွေ့ရပါသည်။
ဆရာကြီးမှ ပညာတစ်ရပ်ကို သင်ယူသည်ခြင်းအတူတူ ခံယူသည့် ဥာဏ်ရည် ၊ အရည်အချင်း မတူတာကြောင့် တတ်မြောက်မှု ကွာခြားသွားရသည်ဟု ရှင်းပြပါသည်။
အထင်ပါ ပုံပြင်အရ သင်ကြား၊ သင်ယူမှု ဖြစ်စဉ်တွင် သင်ယူသူကသာ တတ်မြောက်မှု ၊ မတတ်မြောက်မှုကို အဖြေပေးသွားသည်ကို တွေ့ရပေမည်။
frugal_innovation.png
PhotoFromGoogle

ကျွန်တော် ဆိုလိုခြင်သောအပိုင်း ရောက်လာပါပီ ယနေ့ ကျွန်တော်တို့ တတွေ Steemit platform မှာ လျောက်လှမ်းသည်ခြင်းအတူတူ တချို့သော သူများ အောင်မြင်သလို နောက်ကျ ကျန်သောသူများလည်းရှိကြပါတယ် ။ အဘယ့်ကြောင့်နည်း အဖြေ ကတော့ Innovative skill , Creative skill တွေကို ဖော်ထုတ်တတ်ဖို့ လိုအပ်ပါတယ်။ ဒါကို သိသာပေါ်လွင်အောင် အထက်ပါပုံပြင်လေးနဲ့ နှိုင်းယှဉ် ပြီး တင်ပြလိုက်ပါတယ်ခင်ဗျာ။
Steemit မိတ်ဆွေများ အသိပညာ နှင့် လေ့လာဆန်းစစ် စိတ်ကူးကောင်း အတွေးကောင်းများကို တစ်ဦးချင်းစီက ဖော်ထုတ်ကြရန် မိမိအရည်အချင်းကို Innovative skill , Creative skill တွေနဲ့ ဖော်ထုတ်ကြပါရန် အကြံ ပြု ပါသည်။

Steemit မိတ်ဆွေများ အောင်မြင်ကြပါစေ။
#writing #idea #knowledge

IMG_20170514_010852.jpg

nyinyiwin@nyinyiwin
Steemit
U5drMNSbzHgCKueQcguHoKZNbKKj2Qa_1680x8400.png

Innovative skill , Creative skill | Ecency