အချိန်နာရီ ၁၂လရာသီ
ပြောင်းခဲ့လေပြီ
ရှေးအချိန်က အတာထူးတဲ့
နှစ်သစ်ကူးချိန် သင်္ကြန်ခါမှာ
အချိန်တိတိ သစ္စာရှိရှိ
လှပဝေဆာ ပွင့်ခဲ့လေသည့်
အို.... ရွှေပိတောက်ဝါ
နှစ်တွေလည်းကူး ရာသီထူးတဲ့
၂၁ရာစု ရောက်လာရာတွင်
သစ္စာရှိသည့် ပိတောက်ပန်းလည်း
ပွင့်ချိန်မစောင့် အချိန်မရောက်
ပွင့်နေလေပြီ
သို့နှင့်ဆန့်ကျင် ပွင့်ချိန်ရောက်လည်း
မပွင့်လေဘဲ အချိန်နှောင်းနှောင်း
နာရီတွေပြောင်း ရက်တွေနှောင်းမှ
ပွင့်ပြန်လေပြီ
ပိတောက်သစ္စာ အဘယ်မှာ.......?
သို့နှင့်ထပ်တူ လူသားတို့လည်း
ရှေးကသစ္စာ ကြီးမြင့်စွာဖြင့်
တစ်ယောက်နှင့်တစ်ယောက်
ချစ်များစွာဖြင့် ချစ်ခဲ့ကြသည်
မှန်ပေ၏။
၂၁ရာစု အချိန်ပြုလို့
ချစ်သူများစွာ ရှိပါသော်လည်း
ဘယ်မှာတစ်ယောက် သစ္စာမပျောက်
ချစ်တဲ့သူများ တွေ့မြင်ကြလား?
လူတို့သစ္စာ အဘယ်မှာ.......?
Image credit from facebook and google image
Written by ➳ ➳ @nyinyilwin
MSC 170