ယနေ့လူငယ် နောင်ဝယ်လူကြီးဟူသော စကားအတိုင်းကျွန်တော်တို့ရဲ့ ညီငယ်၊ညီမငယ်တွေတူတွေ၊တူမတွေ၊သားတွေသမီးတွေ မြေးတွေစသည်ဖြင့် ရင်သွေးရတနာ သားသမီးများဟာ နောင်တစ်ချိန်မှာ နိုင်ငံတော်ရဲ့ သားကောင်းသမီးကောင်း နိုင်ငံ့ခေါင်းဆောင်ကောင်းများဖြစ်လာပေမည်။ တစ်နည်း အားဖြင့် နိုင့်ငံကြီးသား လူတော်လူမွန်များဖြစ်လာပေမည်။ မိဘတို့ သားသမီး လူတော်လူမွန်များ ဖြစ်လာမည်မှာလည်း မလွဲဧကန်ပင်။ မိဘတို့အားထားရ သည့်သားသမီးကောင်းများဖြစ်လာပေမည်။ ထို့အပြင် ပတ်ဝန်းကျင် ဆွေမျိုးမိတ်သဟာတို့ရဲ့ အားကိုးရသည့် လူတော်လူမော်များဖြစ်လာပေမည်။ မိသားစုကို လုံခြုံအေးချမ်းသည့် ဘဝပေးနိုင်သည့် သူများဖြစ်ပေသည်။
ထိုသို့ကောင်းမွန်သော လူတော်လူကောင်းများ ဖြစ်လာစေရန် မိဘများ၏ နည်းပေးလမ်းညွှန် ဆိုဆုံးမမှုသည်
အလွန်ပင်လိုအပ်ပေသည်။ ကောင်းမွန်သော နည်းပေးလမ်းညွှန်မှုပြုရပေမည်။ ကလေးများ၏ လက်ဦး ဆရာဖြစ်သည့် မိဘများက ကောင်းမွန်သော နည်းပေး လမ်းညွှန်သူဖြစ်ရန်အရေးကြီးပေသည်။
လူတော်လူကောင်းများ ဖြစ်လာစေရန် ငယ်ရွယ်စဉ်က သွန်သင်မှုသည် ကောင်းမွန်ရန် လွန်စွာမှ လိုအပ်သည်။
မိဘသည် ကလေးများ အတွက်လက်ဦးဆရာ ဖြစ်သည့် အလျောက် မိဘရဲ့ သွန်သင်ဆုံးမမှုသည် ကောင်းမွန်ရန်လိုအပ်သကဲ့သို့ အတုမြင်အတတ်သင် ဟူသောစကားအတိုင်း ကလေးများသည် လူကြီးမိဘများ၏အပြုအမူကို အတုခိုးသည့်အတွက် မိဘတို့မှာ မိမိ၏ကလေးရှေ့တွင် အပြုအမူကောင်းကိုသာ ပြုလုပ်မိစေရန် အရေးကြီးပေသည်။ သို့မှသာ အပြုအမူကောင်း
ကိုအတုခိုးကာ လူကောင်းလေးဖြစ်လာပေမည်။ ထိုသို့မဟုက်ဘဲ ဆိုးရွားသော အပြုအမူကို ကလေး၏ ရှေ့မှောက်တွင်ပြုမိပါက အတုခိုးလွဲမှားကာ ကလေး၏ စာရိတ္တကို ပျက်စီးသွားစေနိုင်သည်။
လွန်ခဲ့သော၃ရက်ခန့်က ကျွန်တော် social media ပေါ်တွင် ပညာပေး ဇာတ်လမ်းတစ်ပုဒ် ကြည့်လိုက်မိသည်။ဇာတ်လမ်းထဲမှာမိသားတစ်စုဟာ တော်တော်ချမ်းသာတယ်ဗျ။ လင်မယားနှစ်ယောက်မှာ ချစ်ဆရာကောင်းတဲ့ သမီးလေး တစ်ယောက်ရှိတယ်ဗျ ။ ၆နှစ် ၇နှစ် အရွယ်လောက် မူကြိုအရွယ်ပေါ့ဗျာ။ တစ်နေ့အမေဖြစ်သူက နယ်ကနေ အိမ်အကူ တစ်ယောက်ကိုခေါ်လာတယ်။ အိမ်အကူ မိန်းကလေးကို ကလေးရဲ့မေက အလုပ်တွေကို မပျက်တမ်းခိုင်းတယ်။ မထင်မှတ်ရင် အော်ငေါက်လိုက်သေးတယ်။ ဒါပေမဲ့ အိမ်အကူ ကောင်မလေးက သီးခံပြီးနေတယ်ဗျ။ တစ်နေ့သူဌေးကတော်က စာရင်းဇယား ပြုလုပ်နေခိုင် ဗိုက်ဆာလို့ဆိုပြီး ကိမ်အကူမလေးကို ခေါက်ဆွဲပြုတ်ခိုင်းတယ်။ အိမ်အကူမလေးကလည်း ခေါက်ဆွဲပြုတ်ကို ချက်ပြုတ်ပြီး သူဌေးကတော်ဆီ ယူလာခဲ့တယ်။ ဒါပေမယ့် ကံဆိုးချင်တော့ အိမ်အကူမလေးက ခလုတ်တိုက်ပြီး ခေါက်ဆွဲပြုတ်ကြီးက စာရင်း တွက်နေတဲ့ သူဌေးမရဲ့ စာရင်းစာရွက်တွေပေါ် ဖိတ်ကုန်ရော ။ သူဌေးမကလည်း စိတ်တိုတိုနဲ့တော်တော် နမော်နမဲ့ နိုင်ပါလား´´ ဆိုပြီးငေါက်လိုက်တယ်။ ဒါပေမယ် သူဌေးမရဲ့ သမီးလေးက သူတို့နား ရောက်နေတယ်ဗျ။ူ့ သူ့အမေရဲ့ ပြောပုံဆိုပုံတွေကို မြင်ကာ အတုခိုးတယ်။ နောက်နေ့ကျောင်းရောက်တော့
ကလေးမလေးကို နေ့တိုင်းစားစရာ စီစဉ်ပေးတဲ့ အမျိုးသမီးကြီးက ကလေးမလေးအပေါ် စားစရာ တွေဖိတ်ကျမိပါရော ။ကလေး မလေးကလည်းသူ့အမေအတိုင်းချက်ချင်းပဲ ``တော်တော်နမော်နမဲ့ နိုင်ပါလား ´´လို့ပြောလိုက်တယ်။ အမျိုးသမီးကြီးက လည်း ကျောင်းအုပ်စီ သွားပြောတယ်။ ဘာလို့ဆို ထ
ိုကလေးမက အရင်တုန်းက ကျောင်းမှာ လိမ္မာယဉ်ကျေး သည့် ကလေးဖြစ်နေတယ်ဗျ။ ဘာကြောင့် ပြောင်း လဲ သွားတာလည်း သိချင်လို့ နေမှာပေါ့။နောက်နေ့ကျောင်းအုပ်ကြီးက
သူဌေးကတော်ကို ခေါ်တွေ့ပြီး အကျိုးအကြောင်းရှင်းပြကာ ကလေးကို လိမ္မာယဉ်ကျေးအောင် သင်ပေးရန်မှာကြားလိုက်တယ်။
သူဌေးကတော်ကလည်း ပြန်လည်သုံးသပ်ပြီး မိမိအပြု အမူမကောင်းမွန်မှုကြောင့် ဖြစ်သည်ကို သိ၍ အပြုအမူ ကို ပြင်လိုက်တယ်။ အိမ်အကူမလေးကိုလည်း အလုပ်တွေတအား မခိုင်းတော့ဘဲ ကောင်းကောင်းမွန်မွန်
ဆက်ဆံကာ ကလေးအတွက် စံပြအပြုအမူ ဖြစ်စေရန်သာပြုမူလေသည်။ ကလေးမလေးလည်း လိမ္မာ
ယဉ်ကျေးသူလေး ဖြစ်သွားရောဗျ ။**
ဒီဇာတ်လမ်းလေးကို ကြည့်မယ်ဆိုရင် ကလေးများ အတွက် မိဘတို့ရဲ့ အပြုအမူကလည်း ကလေူအတုခိုး သင့်သည့် အပြုအမူဖြစ်ရန် အရေးကြီးသည်ကို တွေ့ရှိမိသည်။ထို့ကြောင့်မိဘတို့သည် အပြုအမူ ကောင်းကိုသာ ပြုမူမိစေရန် လိုအပ်သည်။
မိဘ၏ အပြုအမူတိုင်းသည် သားသမီးများအပေါ် သက်ရောက်မှုရှိသည်။ ကောင်းသောသက်ရောက်မှု ရှိရန်အတွက်တော့ မိဘများအပေါ်တွင်သာမူတည်နေတော့သည်။ ထို့ကြောင့်မိဘများ ဂရုတစိုက် ပြုမူရပေမည်။
Written by@nyinyilwin
Photo credit google image
MSC 170