အလွမ်းနှင်းစက်

Words
69
Reading
1 min
Listen
Play
9y

image
ရာသီစက်​ဝန်းက တဖြည်းဖြည်း ​ပြောင်းလဲလျက်​ရှိသည်​။ နာရီ​တွေလည်း တ​ရွေ့​ရွေ့သွားလျက်​ပင်​ရှိသည်​။ အချိန်​ကာလ တစ်​ခုနှင့်​တစ်​ခု ဆက်​စပ်​ကာ ရာသီ​တွေ လည်းသူပြီးငါ အလှည့်​ကျ ​ပြောင်းလှည့်​၍ တာဝန်​ကိုယ်​စီထမ်းရွက်​​နေသည့်​အတိုင်း အချိန်​အလှည့်​​အ​ပြောင်းအလိုက်​ ​ပြောင်းလဲလာ​ပေသည်​။ 
image
နွေရာသီ ➳ မိုးရာသီ ➳ ​ဆောင်းရာသီ စသည်​ဖြင့်​အလှည့်​ကျ ​ပြောင်းလျက်​ရှိ​နေသည်​။ ​ရာသီ​တွေရဲ့ ညီငယ်​ ​ဆောင်းရာသီမှာ ​အေးမြလှသည့်​ အ​အေးဒဏ်​ကို ​ကောင်းစွာခံယူလျက်​ရှိ​နေသည်​။ ​ဆောင်းရာသီရဲ့ ဒီဇင်​ဘာ ​အေးမြသည်​မှာ ခံစားရသူအဖို့ အလွှမ်း​တွေကို မြိုသိပ်​မထားနိုင်​ ​တလှိုင်​လှိုင်​နှင့်​ ​ဆောင်းရာသီရဲ့ နှင်းစက်​​တွေနဲ့အပြိုင်​ ​ရေ​ငွေ့​လေး​တွေနဲ့ ​ရောယှက်​ကာ အလွမ်းဂယက်​မှာ မိုးသို့တက်​​နေပြီ။
image

ပူ​လောင်​​နေသည့်​ဒဏ်​ရာများကို ​အေးချမ်းမှု​ပေးမလိုနဲ့ ဒဏ်​ရာ​တွေကို တဖြည်းဖြည်း နိုးဆွ အတွင်းဆုံးထိ​ရောက်​​အောင်​ တွန်းအားပို့ကာ ပို၍ ပူ​လောင်​လာ​ရ​ပေပြီ။ ရက်​စက်​​လေ​ရော့သလားလို့​တွေးထင်​ ဒဏ်​ရာပင်​အနာမကျက်​ခဲ့။ လွမ်းရက်​က ကြာ​လေသလား။ နှင်းစက်​က ရက်​စက်​​လေသလား။ ​ဝေခွဲရင်း........
image

Photp credit facebook and google image

Written by nyinyilwin@nyinyilwin

MSC 170

အလွမ်းနှင်းစက်​ | Ecency