သံ​ယောဇဉ်

Words
45
Reading
1 min
Listen
Play
8y

ခင်​မင်​မှု နဲ့တွယ်​တာမှု ​၊ယုံကြည်​အာကိုးမှု နဲ့ချစ်​ခင်​သနားမှု က​နေသံ​ယောဇဉ်​​လေးက တဖြည်းဖြည်းနဲ့ဖြစ်​​ပေါ်လာတယ်​။သံ​ယောဇဉ်​ကို ကဗျာဆရာ​တွေ​၊​တေး​ရေးဆရာ​တွေက အဓိပ္ပါယ်​အမျိုးမျိုးနဲ့ဖွင့်​ဆြို​က​ပေမဲ့​ သံ​ယောဇဉ်​ရဲ့တစ်​​ဘောတရားကို​တော့ ခုထိကျ​နော်​နားမလည်​​သေးပါဘူး။သံ​ယောဇဉ်​ဆိုတာ တစ်​ဦးတစ်​​ရောက်​​နဲ့ခွဲခွာတဲ့အခါ မှာဖြစ်​​ပေါ်လာတဲ့အရာလား၊ဒါမှမဟုတ်​ တစ်​ဦးတစ်​​ရောက်​ကိုစ​တွေ့လိုက်​တဲ့ အခါဖြစ်​​ပေါ်လာတဲ့အရာလားဆိုတာ ခုထိကျွန်​​တော်​နားမလည်​​သေးပါဘူး။
ဒီ​နေ့နှစ်​သစ်​ကူး​ပြောင်းတဲ့​နေ့မှာမထင်​မှတ်​ပဲ ငယ်​ငယ်​ကကစား​ဖော်​ကစားဖက်​​ခေါင်း​ခေါက်​​ဖော်​​ခေါက်​ဘက်​နဲ့ ပြန်​​တွေ့လိုက်​​ကြတယ်​။တစ်​​ရောက်​နဲ့တစ်​​ရောက်​​တော့ မ​တွေ့ဖြစ်​တာကြာလို့အပြုံးကိုယ်​စီနဲ့ကြည့်​​နေမိတယ်​။မ​တွေ့ဖြစ်​ဘူးလို့​ပြော​အောင်​ မ​တွေ့ဖြစ်​တာနှစ်​နှစ်​ဆယ်​​လောက်​ရှိပြီးကိုး။ ခုသူတို့မိသားစုလာလည်​​တော့ကိုယ့်​မှာ အလိုလို​နေရင်းဝမ်းသားမိတယ်​။အိမ်​ထဲဝင်​စကား​တွေဘာ​တွေ​ပြော မ​တွေ့ဖြစ်​တာကြာ​တော့ ငယ်​ငယ်​ကအ​ကြောင်း​တွေကို အ​မေကပြန်​​ပြောပြနဲ့​တော်​​တော်​​လည်း​ပျော်ရပါတယ်​။လက်​ဖက်​​ရေ​လေးဘာ​လေးဧည့်​ခံရင်း​ပေါ့။ကျ​နော်က​​တော့အ​မေ့အားကိုး ဘာမှမ​ပြောတတ်​ တစ်​လုံး​မေး ၊တစ်​လုံး​ဖြေနဲ့ပဲ ပြုံး​နေမိတယ်​။စကာ​လေးဘာ​လေး​ပြောလို့ ၁၁း၀၀နာရီ​လောက်​လည်း​ရောက်​​ရော ထမင်းစားဘာစားနဲ့နားပြီးရင်​ ခန​နေ​တော့သူတို့မိသားစုက နှုတ်​ခွန်းဆက်​သပြီး ထွက်​ခွာသွားကြတယ်​။ကိုယ့်​မှာက​တော့ပြုံးစိစိနဲ့ လက်​ပြနှုတ်​ဆက်​ရုံ​ပေါ့။ဒီလိုထွက်​ခွာပြီးမှ ကိုယ့်​စိတ်​ထဲမှာအလိုလို​နေရင်းနဲ့ သံ​ယောဇဉ်​အရိပ်​တစ်​ခုကျန်​ခဲ့တယ်​။ဒီကျန်​ခဲ့တဲ့ သံ​ယောဇဉ်​အရိပ်​​လေးကို ဘာလုပ်​ရင်​​ကောင်းမလဲကို စဉ်းစားရင်း၊စဉ်းစားရင်းနဲ့ steemit မှာဖြင့်​ ချ​ရေးမိ​တော့တာပဲ။သံ​ယောဇဉ်​ ဆိုတာကလည်း.......
........ image

သံ​ယောဇဉ်​ | Ecency