သဘာဝအလှတွေနဲ့ တစ်ခါကဂုတ်ထိပ်

Words
153
Reading
1 min
Listen
Play
5y

တနေ့က ဖေ့ဘုတ်က မန်မိုရီတွေထဲမှာ လွန်ခဲ့တဲ့ရှစ်နှစ်က ဂုတ်ထိပ်မှာ ရိုက်ခဲ့တဲ့ပုံတွေတက်လာတယ်။ ပုံတွေမြင်တော့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အတူ
ဂုတ်ထိပ် ခရီးစဉ်လေးသွားတုန်းကအပျော်လေးတွေကိုခံစားမိလာတယ်။ မနက်အစောကြီး ပြင်ဦးလွင်ရထားစီးတာ၊ ဝေလီဝေလင်းအချိန် စတုတ္ထလွန်းထိုးဘူတာမရောက်ခင်မှာ ရထားကြီးတစ်စင်းထဲ လွန်းထိုးတက်နေတာမြင်ရတော့ အံဩစိတ်နဲ့အတူ ရထားကြီးကို သနားမိတယ်။

ကျမရဲပထမဆုံး ရထားလွန်းထိုးတက်တာမြင်ဖူးခြင်းပဲ။ တောင်တက်လမ်မှာ ရထားဉဩသံစွဲစွဲငင်ငင်အော်သံကြားရတော့ ဘယ်ကိုလွမ်းမှန်းမသိ။
ပြင်ဦးလွင်ဘူတာမှာ ရပ်တာကြာတော့ တစ်ဖွဲ့လုံးဆင်းပြီး ရထားစက်ခေါင်း‌ကြီးနဲ့အမှတ်တရ ဓာတ်ပုံရိုက်ကြသေးတယ်။

img_0.17448313041263422.jpg
(ပြင်ဦးလွင်ဘူတာမှာ ရထားစက်ခေါင်းကြီးနဲ့အမှတ်တရ)

နောင်ပိန်ဘူတာ‌ရောက်တော့ လမ်းဗိုလ်ကြီးက RGC နဲ့လာကြိုလို့ဘော်ကြို
ဘူတာအထိရောက်ခဲ့တယ်။ ဘော်ကြိုဘုရားဖူးပြီး ဂုတ်ထိပ်ဘုန်းကြီးကျောင်း မှာ ညအိပ်ကြတယ်။ ဘုန်းကြီးကျောင်းလေးမှာတည်းရင်း မနက်စောစောထ ဂုတ်ထိပ်တံတားကြီးဆီသွားကြည့်တော့ မြူခိုးတွေဝေနေတဲ့ တံတားကြီးဟာ အရမ်းလှနေတယ်။ အားလုံးအလုအယက် ဓာတ်ပုံရိုက်ကြတာ။ ကျမတို့သွားတုန်းက ဂုတ်ထိပ်ဟာ အခုလို လူတွေအရမ်းမများပါဘူး။ ဆရာကဂုတ်ထိပ်တံတားပေါ်မတက်နဲ့လို့ မှာပြီး တစ်ဖွဲ့လုံးကို မုန့်ဖိုးတွေပေးတာ။ ဆရာမှာလိုက်မှ ဂုတ်ထိပ်တံတားပေါ် လမ်းလျှောက်ကြတာမှတ်မိသေးတယ်။ ဪ အဲ့သလို
ဆရာ့စကားနားထောင်ကြတာ။

img_0.2883947423393215.jpg
(တံတားကြီးဆီမရောက်ခင် အဝေးမှအမြင်)

img_0.8161726953743508.jpg
(တံတားပေါ် အသည်းအသန် မှတ်တမ်းတင်ကြတာ)

img_0.7930134885097389.jpg
(မြူခိုးတွေဝေနေတဲ့ တံတားကြီးနဲ့အတူ)

ဂုတ်ထိပ်တံတား နောင်ပိန်ဘက်ခြမ်းမှာ အဲ့ဒေသကလက်နက်ကိုင်အဖွဲ့တွေရှိပေမယ့် ကိုယ်တွေကို ရန်မမူပါဘူး။ ခုချိန်တော့ အာမမခံ။ တံတားတဖက်က လိုဏ်ခေါင်းကြီးအရှည်ကြီးက နှစ်ခု။ လှိုဏ်ခေါင်းဝမှာလည်း ပိုစ့်တွေပေးကြ။ မှတ်တမ်းတင်ကြနဲ့ ကျမတို့ပဲရှိတာလေ။ ရထားမလာသေးဘူးဆိုတာသိလို့လည်း သွားရဲတာပါ။ လှိုဏ်ခေါင်းဘေးက တောင်ကုန်းဘေးက လွမ်းစေတီ
လေးက တကယ်ကိုလွမ်းဖို့ကောင်းပါတယ်။ ဂုတ်ထိပ်တံတားပေါ်က အောက်ကိုငုံ့ကြည့်တော့ ရေတံခွန်လေးကို သေးသေးလေးအဖြစ်တွေ့ရတယ်။

img_0.7108291768446515.jpg

img_0.2109603039771146.jpg
(လွမ်းစေတီဘေးမှာ တလှည့်စီဓာတ်ပုံရိုက်ကြတာ)

တံတားကြီးက ၂၂၈၀ပေရှည်တော့ ရှုခင်းတွေကြည့်ရင်း လမ်းလျှောက်ရတာ မမောပါဘူး။ တောင်ပေါ်လမ်းပိုင်းမှာ တာဝန်ကျနေတဲ့ ကျမတို့ဌာနက လမ်းဗိုလ်တွေကလည်း ဂရုတစိုက်နဲ့ ဧည့်ဝတ်ကျေစွာ ဧည့်ခံကြလို့ ပျော်ရွှင်စရာ ခရီးစဉ်လေးပါ။ အဲ့အချိန်တုန်းက မန္တလေးကနေ နောင်ပိန်ထိလားမသိ Tour Train ပြေးဆွဲပါတယ်။ မီးရထားဝင်ငွေရအောင် တစ်ခေါက်ဆယ်သိန်းနဲ့ငှားစီးကြရပါတယ်။ ကံကောင်းလို ကျမတို့တော့ အပြန်မှာ အဲ့ဒီ Tour Train ကို အလကားစီးခွင့်ရခဲ့ပါတယ်။

img_0.6511114086178741.jpg
(တာဝန်ကျ အေအီး၊ လမ်းဗိုလ်ကြီးများနှင်အမှတ်တရ)

img_0.726170290507372.jpg
(ရုံးအဖွဲ့တွေနဲ့အတူ)

နောက်တစ်ခေါက် ဂုတ်ထိပ်ကိုထပ်သွားတဲ့အခါ သဘာဝရှုခင်းတွေအစား လူနေအိမ်ခြေတွေရောက်နေတာတွေ့ရတယ်။ တိုးတက်တာမှန်‌ပေမယ့် သဘာဝအလှတွေကို နှမြောမိပါသေးတယ်။ ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီး‌ပေါ်ကို ခြောက်ခေါက်တိတိ ရထားနဲ့တစ်မျိုး၊ RGC နဲ့တစ်ဖုံ၊ ခြေလျင်တစ်သွယ် ဖြတ်ပြီး သဘာဝအလှတရားတွေကို ခံစားခဲ့ရတဲ့ ဂုတ်ထိပ်ခရီးစဉ်လေးကို ခုချိန်ထိ မမေ့နိုင်ဘဲ သတိရနေမိပါတယ်။

nweoomon@nweoomon
10-10-2021

သဘာဝအလှတွေနဲ့ တစ်ခါကဂုတ်ထိပ် | Ecency