မေးလိုက်တယ် ဖြေစမ်းကွယ်

Words
75
Reading
1 min
Listen
Play
5y

img_0.50798586855398.jpg

ကဲ… ဒီနေ့တော့ ကြံရာမရလို့ Hive အဖွဲ့က မောင်နှမတွေကို ဦးနှောက်နည်းနည်း အလုပ်ပေးအုံးမယ်နော်။ ဟိုအရင်တစ်ခါက မေးသလိုမျိုး ပဟေဠိလေး ဖွက်ချင်လို့ပါ။ အပျင်းပြေပေါ့။ ကိုယ့်မှာ စာရေးစရာ အိမ်နီးချင်း အကြောင်းရော၊ ကိုယ့်အမတွေအကြောင်းကရော ကုန်သလောက်ရှိပြီ ဆိုတော့ တတ်နိုင်ဘူး။ ဒီလိုပဲ ပိုစ့်တင်ဖို့ ကြံရဖန်ရတော့တာပါပဲ။

တကယ်တော့ ကျမကိုယ်တိုင်လည်း ပဟေဠိတွေ၊ ဉာဏ်စမ်းတွေ ဖြေရတာ သဘောကျလို့ပါ။ အရမ်းခက်တာကြီးတွေတော့ မကြိုက်ဘူး ပေါ့။ ခုမေးမှာက မြန်မာနို်ငငံက မြို့တွေအမည်ကို မေးမှာဆိုတော့ တော်တော်များများဖြေနိုင်ကြမှာပါ။ မဖြေနိုင်လည်း ဘာမှမဖြစ်ဘူး လေ။ အပျော်ပေါ့နော်။

၁ စစ်ပွဲနိုင်ရင် အသုံးပြုတဲ့မြို့

၂ ရေမတင်တဲ့မြို့

၃ ဘုန်းကြီးများ ဆွမ်းမဝသောမြို့

၄ ဘုရင်အခြောက်အုပ်ချုပ်သောမြို့

၅ ရွလိုက်တာ၊ ပွမ်လိုက်တာလို့ပြောချင်ရင် အဲ့မြို့အမည်ကို
နှစ်ခါရွတ်လိုက်တယ်။

၆ အပေါက်မရှိတဲ့မြို့

၇ မဖတ်ဘူးပြောတဲ့မြို့

၈ ဈေးအနည်းဆုံးမြို့

၉ လူ့ခန္ဓာကိုယ်အတွင်းထဲကမြို့

၁၀ အာမထိလျှာမထိမြို့

၁၁ တိရိစ္ဆာန်ကြီးတစ်ကောင် ကိုယ့်ကိုကြည့်နေတဲ့မြို့

၁၂ ဗိုက်ကြီးသည်တွေ ကောက်စိုက်တဲ့မြို့

nweoomon@nweoomon
27-2-2022

မေးလိုက်တယ် ဖြေစမ်းကွယ် | Ecency