ချစ်လို့ စတာပါ

Words
74
Reading
1 min
Listen
Play
5y

ကျမမြေးလေးပါ။ ပိုင်ပိုင်လို့ခေါ်ပါတယ်။ အရွယ်နဲ့မလိုက်အောင် စကားတတ်တဲ့အပြင် စကားလဲမပီဘူး။သူစကားသံလေးကြားချင်လို့ ခနခန စ ရတာအမော။ သူပြန်ဖြေတာလေးက ချစ်စရာကောင်းလို့ မနက်က စ မိတာ ငိုသွားပါလေရော။

စတာကလည်း ဒီလို။ သူ့အဖေ ကျမတူလေးက အလုပ်သွားပြီ။
အဲ့ဒါကို ကျမက ဖုန်းခေါ်ချင်ဟန်ဆောင်ပြီး ငါ့တူလေး အလုပ်သွားပြီလား။ ဆိုင်ကယ်ဖြေးဖြေးမောင်းနော်။ ဂရုစိုက် ဘာညာနဲ့ပြောတော့ ဂိမ်းကစားနေရာကနေ ဖုန်းကို ပစ်ချပြီး သူ့တူလေးချည်းပဲစိတ်ပူနေတာ။ ကိုယ့်မြေးလေးကျ အဲ့လို မပြောဘူးဆိုပြီး ကောက်ပါလေရော။

သူ့အမေက ငါ့သားရယ် သူ့တူဆိုတာလည်း သားအဖေပဲလေ။ စိတ်မကောက်နဲ့ပြောတာကို မရဘူး။ သူ့ဖေဖေလာရင် တိုင်ပြောမယ်ဆိုပြီး နှုတ်ခမ်းတစ်တောင်လောက်စူပြီး ကောက်နေတာ ဘယ်လိုမှချော့မရ။

တော်တော်ကြာတော့ သူ့အဖေအိမ်ပြန်လာပါလေရော။ အဲ့ခါကျမ ကျမကို သူ့အဖေနဲ့ တိုင်ပြော။ သု့အဖေ ကျမတူက ကျမကို လက်သီးနဲ့ထိုးချင်ဟန်ဆောင်၊ ကျမက ဟန်ဆောင်နာပြ‌တော့မှ မျက်နှာကြီးပြုံးစိစိနဲ့ကျေနပ်သွားတာ။

ပြီးတော့ သူ့အမေကို သတင်းပို့သေးတာ။ မေမေ အန်နွယ်ကြီးကို ဖေဖေက ကင်လိုက်တာ နားကားရောတဲ့။
ကောင်စုတ်လေး ဒီကချစ်လို့စတာကို စိတ်ကောက်သေးတယ်။

နောက်ရက်မှ ထပ် စ တော့မယ်။

img_0.37300733115312984.jpg

ချစ်လို့ စတာပါ | Ecency