ဘဝလက်တွဲဖော် ရွေးချယ်မယ်ဆိုရင်

ngaye(33)
Published in
#esteem
Words
60
Reading
1 min
Listen
Play
9y

image
Credit:Photo

ရုပ်လှဖို့မလိုဘူး  စိတ်လှဖို့လိုတာ..

စတိုင်လန်းဖို့မလိုဘူး ခံယူချက်ပြင်းဖို့လိုတာ..

စမတ်အရမ်းကျဖို့မလိုဘူး တာဝန်ယူစိတ်ရှိဖို့လိုတာ..

ချမ်းသာဖို့မလိုဘူး သာယာတဲ့ဘဝဖန်တီးနိုင်ဖို့လိုတာ..

လူရှေ့မှာအရမ်းချစ်ပြနေဖို့မလိုဘူး ကြင်နာညှာတာတတ်ဖို့လိုတာ..

အရမ်းတော်နေဖို့မလိုဘူး ရှေ့ကဦးဆောင်နိုင်တဲ့ အရည်အချင်းရှိဖို့လိုတာ..

သိက္ခာတော်ရပုဂ္ဂိုလ်တစ်ယောက်လိုဖြစ်နေဖို့မလိုဘူး
တည်ကြည်ပြတ်သားပြီး အရှုပ်အရှင်းကင်းဖို့လိုတာ..

ဒါကြောင့်..

လှလို့ချစ်တာထက် ချစ်လို့လှတာကို ရွေးပါ..

ဲ့အဆင်တန်းမြင့်သူကိုရွေးချယ်တာထက် ကိုယ့်အဆင့်မြင့်ပေးသူကို ရွေးချယ်ပါ..

လူချမ်းသာစေတဲ့သူကို ရွေးချယ်တာထက် စိတ်ချမ်းသာတဲ့သူကို ရွေးချယ်ပါ..

ကိုယ့်အပေါ် တကယ်ချစ်တဲ့သူဟာ.
ဘယ်တော့မှ တစ်ယောက်ထဲ ချန်မထားခဲ့သလို
စိတ်ဆင်းရဲအောင်လဲ ဘယ်တော့မှ မလုပ်ဘူး..

ကိုယ်အပေါ် အနိုင်မယူတတ်သလို ဘယ်တော့မှလဲ 
အပြစ်မမြင်ဘူး..

သူတို့တကယ်ချစ်ပြီဆိုရင်..
အမေတစ်ယောက်လို အားကိုးတိုင်ပင်တတ်ပြီး
အမတစ်ယောက်လို လေးစားချစ်ခင်ကြတယ်..

ဒါ့အပြင် ကိုယ်အပေါ် တန်ဖိုးရှိတဲ့ ရတနာတပါးလို
ပျောက်ရှသွားလေမလား စိုးတစ်ထိတ်ထိတ်နဲ့
အရိပ်တကြည့်ကြည့် ချစ်နေတတ်ကြတယ်ဆိုတာ 
သိထားပေးပါ..

မပို ( ထီးလင်း )

��������������
ဘဝလက်တွဲဖော် ရွေးချယ်မယ်ဆိုရင် | Ecency