သျှမ်းနီ

ngaye(33)
Published in
#esteem
Words
42
Reading
1 min
Listen
Play
8y

သျှမ်းနီအမျိုး​တွေ ခွဲခြားသိတတ်​ကြပါ​စေ

image
Credit:photo
ဟုမ္မလင်းမြို့နယ်​၊ ဟဲဖက်​အုပ်​စု တံတားဖွင့်​ပွဲ ပြင်​ဆင်​ထားတာ တံတားကို ရှမ်းပြည်​နယ်​အလံခြယ်​သ ထားတာ မြင်​​တော့ စိတ်​မ​ကောင်းဘူး။ သျှမ်းနီတိုင်းရင်းသား​တွေ စု​ပေါင်းတည်​​ဆောက်​ထားတဲ့ ကြိုးတံတားကို ရှမ်းကြီးအမျိုးသားအလံ ခြယ်​သထားတာ​တွေ့​တော့ စိတ်​မ​ကောင်းဘူး။ မ​ပြောဘဲမ​နေနိုင်​​တော့လည်း ​မေးလိုက်​တယ်​ ဘာလူမျိုးလည်းလို့ သျှမ်းနီလူမျိုး​တွေပါတဲ့။ နားလည်​သ​ဘော​ပေါက်​​အောင်​ ရှင်းပြ​ပေးလိုက်​တယ်​။ တံတားမဖွင့်​ခင်​ သျှမ်းနီအမျိုးသားအလံပြန်​လည်​ခြယ်​သဖို့ လက်​ခံသွားတယ်​။ အမျိုးသား​ လက္ခဏာ​တွေ ကွယ်​​ပျောက်​လုနီးပါးဖြစ်​ခဲ့တာဆို​တော့လည်း ဘယ်​သူကိုမှ အပြစ်​မမြင်​ပါဘူး။
နားလည်​သ​ဘော​ပေါက်​လက်​ခံသွားတဲ့ လူထုကိုလည်း ​ကျေးဇူးပါလို့၊ အမျိုးဂုဏ်​၊ ဇာတိဂုဏ်​​တွေကို ပြန်​လည်​​ဖော်​ထုတ်​နိုင်​ပါ​စေ။

Than Tun Oo

သျှမ်းနီ | Ecency