အ​မေ

ngaye(33)
Published in
#esteem
Words
147
Reading
1 min
Listen
Play
8y

image
Credit:photo
#​ဒေါ်​အောင်​ဆန်းစုကြည်​က ..
နိုဘယ်​ဆုပဲ ရခဲ့တာ..
ဈာန်​ အဘီညာဉ်​ ရခဲ့တာ မဟုတ်​ဘူး။

အကျယ်​ချုပ်​က ထွက်​လာတာ..
ထွက်​ရာ ​ပေါက်​လာတာ မဟုတ်​ဘူး။

ပညာ ဉာဏ်​​တွေသာ ရှိတာ ..
တနိခိုး စွမ်းအား​တွေ ရှိတာ မဟုတ်​ဘူး။

စေတနာ​ ပိုင်​ရှင်​သာ ဖြစ်​တာ
စေတလုံးပိုင်​ရှင်​ မဟုတ်​ဘူး။

ဒေါ်​အောင်​ဆန်းစုကြည်​က ..
စူပါမန်း မဟုတ်​ဘူး၊
ဇော်​ဂျီ မဟုတ်​ဘူး၊
ဘိုးဘိုး​အောင်​ မဟုတ်​ဘူး၊
အရှင်​အစ္စာ​ဂေါန မဟုတ်​ဘူး။

ဒေါ်စု ဥုံဖွ မမန်းနိုင်​ဘူး။
ဖြစ်​​စေ ဆိုရုံနဲ့ မရနိုင်​ဘူး။

ဒေါ်စု လုပ်​လို့ရတာ ..
စီမံခန့်​ခွဲမှု ၊ ​ခေါင်း​ဆောင်​မှု ၊ လမ်းညွန်​​ပေးမှု၊

ကမ္ဘာ​ပေါ်က တိုင်းပြည်​ကို တည်​​ထောင်​သွားကြတဲ့ ​ခေါင်းဆောင်​​တွေ လုပ်​လို့ရတဲ့ အလုပ်​မျိုးပဲ ​ဒေါ်စု လုပ်​တက်​တာ။

ကမ္ဘာ​ပေါ်က ...
အောင်​မြင်​သွားတဲ့ နိုင်​ငံ​တွေ
သူတို့ ​ခေါင်း​ဆောင်​​နောက်​မှာ
ပြည်​သူ​တွေ ဘယ်​လို ကျိုးစား ခဲ့ကြလဲ ။
ဘယ်​လို တာဝန်​ ယူခဲ့ကြလည်း ပြန်​​မေးကြည့်​ဦး။

သည်​နိုင်​ငံက ​ကောင်​​တွေက​တော့ ...
ကိုယ်​ကျိုး အတွက်​ မကြည့်​ပါဘူး ဆိုတဲ့  ​ခေါင်း​ဆောင်

စေတနာ ထားပါတယ်​ ဆိုတဲ့ ​ခေါင်း​ဆောင်

ပညာ ရှိပါတယ်​ ဆိုတဲ့ ​ခေါင်း​ဆောင်​ ကို​တောင်
နည်း​ပေါင်းစုံနဲ့ ထိုးနက်​ ၊

ကိုယ်​တိုင်​က သာ အခွန်​​သောက်​ပြား တပြား မ​ဆောင်​ဘူးတာ

အခွန်​​တွေ ​ကောက်​​နေပါတယ်​ ​ဝေဖန်​၊
အမိုက်​​ကောက်​ ​ကောက်​ပြန်​​ပေါ့်
သစ်​ပင်​စိုက်​ ဆိုက်​ပြန်​​ပေါ့်
မီတာခ တိုး တိုးပြန်​​ပေါ့် .

ကိုယ်​ကသာ တိုင်းပြည်​တွက်​ ဘာမှ
လုပ်​မ​ပေးချင်​တာ
ငါတို့တွက်​ ဘာမှ မရ​သေးဘူး ​ပြောလို့​ပြော
ဘာမှ မထူး ​ပြောသူ​ပြော ...
ဟုတ်​တယ်​ ဘာမှ မထူးဘူး။
ဘာမှ မတိုးတက်​ဘူး။

သည်​လို ​ကောင်​​တွေ များ​နေတဲ့ တိုင်းပြည်
တနှစ်​နဲ့ မတိုးတက်​တာ မ​ပြောနဲ့
မဆုတ်​ယုတ်​တာ​တောင်
ဒေါ်စု ​တော်​လွန်း လို့ဆိုတာ မှတ်​ထား

Tin moe swe{Credit}
SW.H
Via - သဲနှစ်​​အောင်

အ​မေ | Ecency