သူငယ်ချင်းသို့ အိတ်ဖွင့်ပေးစာ

Words
60
Reading
1 min
7y
Listen to this post
~1 min

သို့/
သူငယ်ချင်းသို့ အိတ်ဖွင့်ပေးစာ
သူငယ်ချင်းမင်းခု ကြုံတွေ့နေရတဲ့ အခက်အခဲတွေက သမာန်လူတွေအတွက်တော့ ဒုက္ခဆိုးကြီးဖြစ်နေတယ်ဆိုတာသိပါတယ်။ ဒါပေမဲ့ ဒီ ကြုံတွေ့ရတဲ့ ပြသနာက အနာဂတ် တောက်ပဖို့ (သို့) လုပ်ငန်း တိုးချဲ့ဖို့ ဖြစ်လာတယ်ဆိုတာကို မမေ့လိုက်ပါနဲ့။
ခုကြုံတွေ့နေရတာ ဒုက္ခလည်းမဟုတ်သေးသလို စီးပွားရေးကိုပျက်ဆီးဖို့လည်းမဖြစ်သေးပါဘူး။ ဒီအရာကို သေချာ နည်းစနစ်ကျကျနဲ့ပြုလုပ်ပြီး နည်းမှန်လမ်းကြောင်းမှန်ပဲလုပ်ပြီး လုပ်ငန်းကို တိုးချဲ့လိုက်ပါ။ ဒီအခက်အခဲဟာ မိမိဘဝအတွက် ဘဝတစ်ဆစ်ချိုးဖြစ်လာနိုင်ပြီး အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီး ဖြစ်လာနိုင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ စိတ်ဓာတ်ကျပြီး ရှေ့မဆက်ပဲ ရပ်တည့်လိုက်မယ်ဆိုရင် ဘဝကြီးလည်း တစ်မျိုးပြောင်းလဲသွားနိုင်ပြန်တယ်။ ဒီလုပ်ငန်းတစ်ခုနဲ့ အောင်မြင်မှုရထားတာကို လက်လွတ်အဆုံးအရှုံးမခံလိုက်ပါတယ်။ လုပ်ငန်းအသစ်တိုင်း ဒီထက်ဆိုးတဲ့ အခက်အခဲတွေ ပိုတွေ့ရနိုင်ပါတယ်။ ဒါကြောင့်ရှိနေတဲ့အလုပ်ကို တရားဝင်မှတ်ပုံတင်လိုက်ပါ။ ကုမ္ပဏီပုံစံဖန်တီးလိုက်ပါ။ လူတွေငှားပါ။ လုပ်ငန်းကိုတိုးချဲ့လိုက်ပါ။ အောင်မြင်ပြီးသား ဖြစ်လို့ တစ်ပိုင်တစ်နိုင် ဘဝကနေ ရုန်းထွက်လိုက်ပါလို့ အကြံပြုလိုက်ပါတယ်။
နေလှိုင်စိုး
ဟိုမရောက်ဒီမရောက်

သူငယ်ချင်းသို့ အိတ်ဖွင့်ပေးစာ | Ecency