လူတွေရဲ့စီးပွားရေးအခြေအနေ

Words
42
Reading
1 min
3y
Listen to this post
~1 min


photo from google

မြန်မာပြည်ရဲ့စီးပွားရေးကောင်းလားဆိုးလားတော့မမေးနဲ့ နေ့တိုင်း ဖုန်းရောင်းပါတယ်ဆို ဖုန်းပြန်ရောင်းသူကပိုများနေတယ်။ seconds ဖုန်းပြန်ကောက်ရတာလဲ လက်ထဲ ပိုက်ဆံတောင်ပျက်တဲ့အထိဖြစ်နေပါပြီ။ စကားမစပ် seconds ဖုန်းတွေ အများကြီးရှိတယ် ပြန်ကောက်ထားတာ။ အော် နိုင်ငံရေးပြောရမလား စီးပွားရေးပြောရမလား အလုပ်ပြောရမလားမသိတော့ဘူး။ စိတ်မကောင်းတာတော့အမှန်ပါပဲ။ မြန်မာပြည်ကြီး မြန်မြန်အေးချမ်းသာယာပါစေဗျာ။ အားလုံးလည်း စိတ်ဒုက္ခရောက်သလို ခုချိန်ကြီးပွားချမ်းသာမယ်ဆိုလည်း မဟုတ်တာလုပ်သူတွေပဲ ချမ်းသာနိုင်တော့တယ်။ ကုန်ဈေးနှုန်းလည်းကြည့်လိုက်ပါ ကားခတွေလည်းကြည့်ပါအုံး လေယာဉ်ခမပြောသေးဘူး ဒါတောင် အဖက်ဖက်က ဆိုးဝါးနေတဲ့အချိန်အနေမှာ ကျွန်တော်တို့ နိုင်ငံသားတွေ ဖြစ်သလို အဆင်အောင်နေထိုင်ကြပါတယ်။ ဒီလိုပြောသူက စစ်ပွဲဖြစ်တဲ့နေရာမဟုတ်ဘူး အေးချမ်းတယ်လို့ပြောလို့ရတဲ့နေရာမှာနေသူတောင် ဒီလိုပြောပြလိုက်တာပါ။

လူတွေရဲ့စီးပွားရေးအခြေအနေ | Ecency