တွေးစရာလေးတွေ

Words
65
Reading
1 min
Listen
Play
9y

image
Credit to Google

ကျွန်တော်တို့ ငယ်ငယ်က ဆုံးမတာလေးနဲ့ ပတ်သတ်ပြီး တွေးမိတာလေး ကိုပြောပြချင်ပါတယ်။ကိုယ်ချင်းစာစိတ် ဆိုတာလေးနဲ့ ပတ်သတ်ပြီး တော့ပါ။ ငယ်ငယ်က သိခဲ့တာက ကိုယ်မကြိုက်တာ ကိုသူများကို သွားမလုပ်ဖို့ ကိုယ်ချင်းစာစိတ်ထားဖို့ ပေါ့။ပြသနာက ကိုယ်ကြိုက်တာနဲ့ ယှဉ်ပြီး ပြုမိ ပြောမိတဲ့ အခါမှာ အမြင်လွဲတာလေး စကားပြောရတာတွေ ဖြစ်လာတယ်။ အဲဒီတော့ ကိုယ်ကကြိုက်ပေမဲ့ တခြားဘက်မှာ အဆင်ပြေချင်မှ ပြေမယ်။လူတစ်ယောက်နဲ့ ပြုမူ ပြောဆိုကြတဲ့အခါ ကိုယ်ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံ ပေါ်မူတည်ပြီး ပြုမူ ပြောဆို ကြတော့ ဘယ်သူက မှားတယ် ဘယ်သူက မှန်တယ်နဲ့ ငြင်းလို့လဲ ဆုံးမှာမဟုတ်ဘူး။ အဆင်ပြေဖို့ ဆိုရင် ကိုယ့်ဘက်ချည်းမဟုတ်ဘဲ တစ်ခြားသူရဲ့ ဘက်ကို ဝင် ကြည့်ပြီးမှ ပြောဆို ပြုမူ ဆုံးဖြတ်ရင် ကျွန်တော်တို့ မိတ်ဆွေတွေ ကြားထဲမှာ အမုန်းတရားတွေ ကင်းစင်ပြီး စိတ်ချမ်းသာစွာနဲ့ ဘဝမှာ လျှောက်လှမ်းသွားနိုင်မယ်လို့ တွေးမိပါကြောင်း။

တွေးစရာလေးတွေ | Ecency