" ယိုယွင်းနေသော မြန်မာ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ပြု ပြင်ရအောင် "
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကြ လို့
ဆောင်ပုဒ်မြင်လိုက်ရင် လူတော်တော်များများဟာ သစ်ပင်ကိုဘဲပြုပြင်ဖို့ ၊ မခုတ်မလှဲဖို့၊ မဖျက်ဆီးဖို့ဘဲပြေးပြီးမြင်ယောင်နေမိကြပါတယ်။
သဘာဝပတ်ဝန်းကျင်မှာ ကမ္ဘာကြီးပူနွေးတာများလာခြင်း၊ လေထုညစ်ညမ်းခြင်း၊ အက်ဆစ်မိုးများရွာသွန်းခြင်း၊ အိုဇုန်းလွှာပျက်ဆီးခြင်း၊ ရေသယံဇာတများလျော့နည်းခြင်း၊
ပင်လယ်မုဒ္ဒရာရေများညစ်ညမ်းလာခြင်း၊ပင်လယ်ရေသတ္တ၀ါများဆုံးရှုံးခြင်း၊ မြေဆီလွှာပျက်စီးဆုံးရှုံးခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ တိရိစ္ဆာန်မျိုး၊
အပင်မျိုးဆက်များ မျိုးသုဉ်းခြင်း
အမှိုက်သရိုက်များအား စနစ်တကျမစွန့်ပစ်ခြင်းများ၊ စသော စသည့် အကြောင်းများကြောင့် သဘာဝပတ်ဝန်းကျင်ဟာ တစ်နေ့ထက်တစ်နေ့ ပျက်ဆီးမှုများလာနေရပါတယ်။
သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု ဒဏ်ကြောင့် မြန်မာ နိုင်ငံအတွင်းရှိ ငါးနှစ်အောက်ကလေး အယောက် ၂၀ တွင် တစ်ယောက်နှုန်းဖြင့် သေဆုံး
နေကြောင်းလည်း ကြားသိမှတ်သားမိပါတယ်။ 1955 ခုနှစ်မှာ တစ်နှစ်ကို ပျမ်းမျှ မိုးရွာသွန်းမှုဟာ (145)ရက်ရှိပြီး 2008 ခုနှစ်မှာ ပျမ်းမျှ မိုးရွာသွန်းရက်ဟာ (115)ရက်သာရှိပါတော့တယ်။
ဒါဟာ သဘာဝပတ်ဝန်းကျင်ပျက်ဆီးခြင်းကြောင့်ဆိုတာ ကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။
သဘာဝပတ်ဝန်းကျင် ပျက်ဆီးစေခြင်းတွေထဲက လေထုကိုညစ်ညမ်းစေတဲ့ မော်တော်ဆိုင်ကယ်၊ မော်တော်ကား၊ အစရှိတဲ့စက်တပ်ယာဉ်တွေမှထွက်ရှိလာသော
မီးခိုးများ၊ လူများရဲ့စနစ်တကျစွန့်ပစ်ခြင်းမရှိသော အမှိုက်သရိုက်များ၊ စက်မှုလက်မှုလုပ်ငန်းများတစ်ဖြည်းဖြည်းများပြားလာခြင်းများဟာ သဘာဝပတ်ဝန်းကျင်ကို
ထိခိုက်စေသော အကြောင်းအရာအချို့ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ကြဖို့ အရမ်းလိုအပ်ပါတယ်။ ခုအဓိကထားပြီးထိန်းသိမ်းနေကြတဲ့သစ်ပင် ဆိုပါစို့။ သစ်ပင်ကို မခုတ်လှဲဖို့ ဥပဒေတွေနဲ့ပြဌာန်းထား
တာတွေလည်းရှိပါတယ်။ ဒါဟာ သဘာဝသစ်တော၊ သစ်ပင် မပပျောက်အောင် ကာကွယ်ထားခြင်းတစ်ရပ်ပါဘဲ။ တစ်ကယ်လို့ မဖြစ်မနေခုတ်လှဲရမည်ဆိုရင် သစ်တစ်ပင်ခုတ်မည်ဆိုလျှင်
ကျွန်တော်တို့တစ်တွေဟာ သစ်ပင် (၅)ပင်လောက်စိုက်ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့စိုက်လိုက်တဲ့အပင်တိုင်းဟာ အပင်တိုင်းနီးနီးရှင်သန်မယ်လို့ တွက်ဆလို့မရလို့ပါဘဲ။
အဓိကဘာလို့သစ်ပင်တွေခုတ်လှဲကြလည်းဆိုသော် ဆင်းရဲနွမ်းပါးကြသောကြောင့်၊တနည်းအားဖြင့် အသိဥာဏ်နည်းပါးသောကြောင့် လွယ်လင့်တကူရရှိနိုင်သော သစ်ပင်မှ ထင်းအဖြစ်
လည်းကောင်း၊ မီးသွေးဖုတ်ရောင်းခြင်းသော်လည်းကောင်း၊ အိမ်သုံးပရိဘောဂပြုလုပ်ခြင်းသော်လည်း စီးပွားရေးအဖြစ် လုပ်ကိုင်နေခြင်းတို့ကြောင့် ၊ တောတောင်ထဲမှ
သစ်ပင်များကို ခုတ်လှဲရောင်းစားနေကြခြင်းဖြစ်ပါတယ်။ မဖွံ့ဖြိုးသေးသော ကျေးလက်ဒေသတွေကို အသိပညာပေးဟောပြောပွဲတွေလုပ်ပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းကို လုပ်ဆောင်ရာရောက်ပါတယ်။
နေ့စဉ်လူတို့လုပ်ငန်းသုံးရာမှ ဒီဇယ်ဆီ နှင့်အခြားစက်သုံးဆီများယိုဆီး၊ ဖိတ်စင်ခြင်းကြောင့် မြေကြီးထဲစိမ့်ဝင်ကာ တစ်ဖြည်းဖြည်းနှင့် ရေထဲကိုရောက်ရှိကာရေထုကို ညစ်ညမ်းစေပါတယ်။ ချောင်းထဲ၊ မြစ်ထဲ အမှိုက်များ
စွန့်ပစ်ခြင်းတွေဟာလည်း ရေထုကိုညစ်ညမ်းစေပါတယ်။ ရေထဲရှိ ရေနေသတ္တ၀ါများ၊ ရေထဲတွင်ရှင်သန်ပေါက်ရောက်နေသော အပင်များကိုထိခိုက်စေပါတယ်။
နှစ်ပေါင်းများစွာပျက်စီးဆွေးခြင်းရှိနိုင်တဲ့မလွယ်ကူတဲ့ပလတ်စတစ်၊နိုင်လွန်၊စတာတွေကိုပြန်
လည်အသုံးပြု ခြင်း၊စနစ်တကျ စွန်.ပစ်ခြင်းမလုပ်ခဲ့ရင်မြေအရည်အသွေးနှင့်မြေဆီမြေနှစ်တွေဆုံးရှုံးစေပါတယ်။ ဒါကိုလည်းကျွန်တော်တို့ သတိချပ်ဖို့ အလွန်အရေးကြီးပါတယ်။
လယ်ယာမြေတွေမှာဓါတ်မြေသြဇာ၊ပေါင်းသတ်ဆေး၊ပိုးသတ်ဆေးတွေအလွန်အကျွံသုံးစွဲခြင်းအတွက်လည်းမြေဆီလွှာပျက်စီးနိုင်ပါတယ်၊ယနေ့မျက်မောက်ခေတ်မှာ ပိုးသတ်ဆေးတွေကိုဘဲ အားကိုပြီး
တောင်သူလုပ်ငန်းတွေလုပ်ကိုင်နေကြတာကို အများအပြားတွေ့နေရပါတယ်။ ဒါဟာသဘာဝပတ်ဝန်းကျင် နှင့် ကျန်းမာရေးအရလည်းများစွာထိခိုက်စေပါတယ်။ ပြုပြင်သင့်တဲ့ အနေအထားတစ်ရပ်ပါ။
အနှစ်ချုပ်ဆိုရသော် ကျွန်တော်တို့တွေဟာ နောင်မျိုးဆက်သစ်ကလေးသူငယ်များကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း စတဲ့ပညာပေးဟောပြောပွဲများ များစွာပြုလုပ်ပေးခြင်း၊ နှင့် မိဘပြည်သူများကိုလည်း သဘာဝပတ်ဝန်းကျင်
ပျက်စီးစေခြင်းကြောင့် ရရှိနိုင်တဲ့ ဆိုးကျိုးများကို ပညာပေး ဆိုင်းဘုတ်များ ဖြင့် ရှင်းလင်းပြသခြင်းများ နေရာအနှံ့အပြား ပြုလုပ်ဖို့ အများကြီးလိုအပ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ သဘာဝပတ်ဝန်းကျင်
ဆိုးရွာစွာပျက်ဆီးသော နိုင်ငံစာရင်းထဲမှာပါနေပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ ကျွန်တော်တို့သည် ပြုပြင်ပြောင်းလဲဖို့ အများကြီးလိုပါတယ်။
photo>>google image
author-@nannhtike
msc-164
@nannhtike