နန်းဘဝတစ်စိတ် တစ်ဒေသ (အပိုင်း ၁)

Words
100
Reading
1 min
Listen
Play
8y

နန်းဘဝ အထက်တန်းကျောင်းသူဘဝ အများသူငါတွေလို လွယ်ကူခဲ့တာတော့မဟုတ်။ အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရတယ်။
နန်းမိဘတွေဆိုတာ နန်းကို ကောင်းကောင်းထားချင်ပေမယ့်လည်း အဆင်မပြေခဲ့လို့ အဖွဲ့အစည်းတစ်ခုရဲ့အထောက်အပံ့နဲ့ပဲ ကျောင်းတက်ခဲ့ရတယ်။ အဖွဲ့အစည်းရဲ့အထောက်အပံ့နဲ့မလို့ တက္ကသိုလ်ဝင်တန်းကို နှစ်ချင်းပေါက်အောင်ရင်အောင် မအောင်ရင် ထပ်တက်ခွင့်မရှိတော့တဲ့အခြေအနေမှာ နန်းအနေနဲ့ တက္ကသိုလ်ဝင်တန်းကိုမဖြစ်မနေ တစ်နှစ်တည်းနဲ့အောင်မြင်အောင် ကြိုးစားခဲ့ရတယ်။ နှစ်ချင်းပေါက်လည်းအောင်မြင်ခဲ့တယ်။ နန်းဘဝအတွက် နေ့စား တစ်နေ့ ၃၀၀၀ နဲ့လယ်ဆင်းနေရတဲ့ဘဝမို့ အောင်စာရင်းမှာ နာမည်ပါလာတာတောင် ကိုယ်တိုင်ချက်ချင်းသိခွင့်မရခဲ့ဘူး။ အရမ်းခင်တဲ့ သူငယ်ချင်းလာပြောမှသာ အောင်မြင်ကြောင်းသိခဲ့ရတဲ့အခြေအနေ။

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး နောက်တစ်ဆင့်အနေနဲ့ တက္ကသိုလ်တက်ရမယ်ဆိုတော့ ကျောင်းစာရိတ်ကရှိလာပြန်ပြီ။ ဒီတော့ နန်းကအဝေးသင်ပဲတက်ဖို့ဆုံးဖြတ်လိုက်တယ်။ ကွန်ပြူတာဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်ရင်း ကျောင်းစာရိတ်ကိုရှာဖွေခဲ့ရတယ်။ ဒီလိုနဲ့ပဲ ပထမနှစ်ကို ဖြတ်သန်းခဲ့တယ်။ ကျောင်းစာရိတ်အတွက် ကွန်ပျူတာဆိုင်မှာအလုပ်လုပ်ခဲ့ယုံတင်မကပါဘူး။ ဘုရားပွဲတွေမှာလည်း ကွမ်းယာဆိုင်လေးဖွင့် မယာတတ်ယာတတ်နဲ့ ကွမ်းလေးရောင်း အရင်း ၁ သောင်းခွဲမှာ အမြတ် ၂၀၀ လောက်ပဲရတဲ့အလုပ်ဖြစ်ပေမယ့်လည်းဘဝအခြေအနေမလို့ မလွှဲသာလုပ်ခဲ့ရတယ်။ ဘုရားပွဲပြီးသွားတော့လည်း အိမ်ရှေပမှာ တဲစုတ်လေးထိုး ကွမ်းယာခုံလေးချပြီး ကွယ်ယာဆိုင်လေးဆက်ဖွင့်ဖြစ်ခဲ့တယ်။ ဒီလိုနဲ့ပဲ နန်းကံကောင်းစွာနဲ့ ချဲလေးပေါက်ခဲ့တယ်။ ချဲပေါက်တာလေးနဲ့ ကွန်ပျူတာလေးတစ်လုံးဝယ် သီချင်းလေးတွေသွင်းပေးရင်းကနေ ဘဝကို အဲလိုပဲစတင်ဖြတ်သန်းခဲ့တယ်။

ဒါကတော့ နန်းဘဝတစ်စိတ်တစ်ဒေသလောက်ပဲရှိပါသေးတယ်။ နန်းအကြောင်း အပြည့်အစုံရေးရမယ်ဆိုရင် တစ်ထောင့်တစ်ညပုံပြင်လိုပဲ ပြောလို့ဆုံးမှာလည်းမဟုတ်ပါဘူး။ အဲတော့ ဒီလောက်နဲ့ပဲဒီနေ့ နန်းအကြောင်းလေးကိုအဆုံးသတ်ပါရစေ။ နောက်အပိုင်း ၂ မှာလည်း နန်းဘဝအခြေအနေ ဘယ်လိုအခက်အခဲမျိုးတွေဖြတ်သန်းခဲ့ရတယ်ဆိုတာ ဆက်လက်ရေးသားပေးသွားမယ်နော်။
ဆက်လက်စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ ပြောကြားရင်း....

38858260_2080988391952727_4040723833580158976_n.jpg
Give my love to you all Steemians.
written by :nangmokha@nangmokha
MSU NO-071

နန်းဘဝတစ်စိတ် တစ်ဒေသ (အပိုင်း ၁) | Ecency