ညနေမုဒ်( Evening Mode)

Words
30
Reading
1 min
Listen
Play
9y

မျက်စိတစ်မှိတ်အတွင်း
အမှောင်ဟာထိုးကျလာတယ်
အိပ်တန်းပျံငှက်တွေအတောင်ပံတွေတဖျပ်ဖျပ်
အိပ်တန်းပြန်လူတွေခြေလှမ်းတွေအထပ်ထပ်
မရွေးချယ်ထားသောကံတရား
ရွေးပြီးလျှောက်ရသောလမ်းများ
နေဝင်သွားချိန်ကအလှဆုံးတဲ့
လူ လား
ရှုမျှော်ခင်း လား
မတွေးပဲရောက်လာသောအဆွေးများ
တွေးပြီးဖြစ်မလာသော အကြံအစည်များ
မျှော်လင့်ခြင်းဟာကြိုးပြတ်သွားတဲ့ဖိနပ်တစ်ရံပဲ
သူ့ကိုခွေးကကိုက်ခဲထားတယ်
ညင်ညင်သာသာလေးပဲ ခြေလှမ်းတွေကြွရွဖို့လိုတယ်
ခြေထောက်တွေကဈေးကြီးတယ်
အဲကွန်းဖွင့်ထားတဲ့Taxi
ခြင်တစ်ကောင်ပါလာတဲ့အခါ
ကိုယ့်ပါးကိုယ်ပြန်ရိုက်မိတဲ့အထိ
အလောင်းအစားကြီးခဲ့မိသူပါ
ခြင်ကမသေဘူး
ကိုယ်လည်းသိပ်မနာပါဘူးကလေးရယ်(ခြင်ကိုရည်ညွှန်းခြင်း)

တကယ်တော့
ဒီဘဝကြီးကိုအသက်တမျှချစ်ရပါကြောင်း
ကိုယ်အော်ပြောလိုက်ချင်တာပါ။ ။
image
nainghtookhant@nainghtookhant

ညနေမုဒ်( Evening Mode) | Ecency