Brown Colour

Words
44
Reading
1 min
Listen
Play
9y

မြတ်နိုးရပါသော ညို
သူ့ရဲ့ ဖြစ်တည်မှုက
ဆန်းကြယ်တယ်လို့ ဆိုနိုင်တယ်။
image
ကြည့်တော့ တစ်ရောင်ထဲပေမယ့်
မတူညီတဲ့ အရောင်တွေ
ပေါင်းစည်းမှုကြောင့် ဖြစ်ပေါ်လာရတယ်။

ရဲရင့်ခြင်းတွေ အပြည့်နဲ့
ဘဝရဲ့ အနိမ့်အမြင့်
လောကဓံရဲ့ ရိုက်ခတ်မှုကို
ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ ညို။

ကြင်နာသနားတတ်ခြင်း အပြည့်
ညှာတာမှု ဖေးမမှုနဲ့
နားလည်မှု ပေးနိုင်စွမ်းရှိတဲ့ ညို။

အတိမ်းအစောင်းမခံပေမယ့်
ဘဝခရီးလမ်းမှာ
ဟန်ချက်ညီညီ လျှောက်လှမ်းတတ်တဲ့ ညို။

ယုံကြည်ရာကို မြဲမြံစွာ ဆုပ်ကိုင်လို့
နောက်မဆုတ်စတမ်း
အားအင်အပြည့်နဲ့ ညို။

ဥစ္စာဓန
ဗလာနတ္ထိ ဆိုရင်တောင်
ချစ်ခြင်းမေတ္တာတွေ ကုဋေကြွယ်တဲ့ ညို။
image

Brown Colour | Ecency