ဂြိုလ်လေးတစ်လုံး

Words
85
Reading
1 min
7y
Listen to this post
~1 min

image

Image Source

ဂြိုလ်လေးတစ်လုံးတော့ ရှာတွေ့ခဲ့လေပြီ။ဒီဂြိုလ်လေးတစ်လုံးရဖို့ ခန့်မှန်းခြေ ရက်ပေါင်း ၂၀ကျော်၊အကွက်ပေါင်းအနေဖြင့် ၁၀၀ကျော်လောက် ရှာဖွေလိုက်ရသည်။ဂြိုလ်အသစ်လေး ရှာမတွေ့မှီ ၁ ရက်ကျော်ကတောင် ဂြိုလ်မြန်မြန်ရှာတွေ့ချင်စိတ်ကြောင့် Explorer Il ထုတ်လုပ်ရန်အတွက် blueprintတစ်ခုကို 29 steem ပေးကာ ဝယ်ခဲ့သေးသည်။

ထိုblueprint ကြီးကို 29 steem ပေးကာဝယ်ဖြစ်ခဲ့သော်လည်း Explorer ll တစ်ခုထုတ်နိုင်ဖို့ ခက်ခဲနေသေးသည်။လိုအပ်သော resources ပမာဏ များပြားလွန်းသည့် အတွက် Explorer ll တစ်ခုထုတ်နိုင်ဖို့ သုံးရက်ခန့် စောင့်ရမည့် ပုံပေါ်နေသည်။ထို့အပြင် လတ်တစ်လော အခြေအနေကလည်း Explorer II ပဲ စောင့်ထုတ်ဖို့ အခြေအနေမပေးသေး။အခြားလိုအပ်ချက်များစွာလည်း ရှိနေသေးသည်။

သိုလှောင်ရုံတွေကိုလည်း ပမာဏတွေထပ်မြှင့်ဖို့ လိုအပ်နေသည်။ထို့အတွက်လည်း rssပမာဏ တော်တော်များများ အသုံးပြုရဦးမည်။ထို့အပြင် ဂြိုလ်လေးတစ်လုံး တွေ့အပြီး Explorer တွေသုံး၊လေးခုလောက် ထပ်ပြုတ်ကျနေသည်ကိုတွေ့သည့်အတွက် Explorer တွေလည်းထပ်မံထုတ်လုပ်ရဦးမည် ဖြစ်သည်။လက်ရှိ အခြေအနေက လုပ်စရာတွေများပြီး rss ကမလောက် ဖြစ်နေသည့် အခြေအနေမျိုး ဖြစ်သည်။Nextcolony တွင် rss မလုံလောက်သည့် ပြဿနာက တော်တော်ဒုက္ခပေးသည်။Steem သုံးပြီး ဖြေရှင်းလျှင်တော့ ချက်ချင်း အဆင်ပြေနိုင်သည်။သို့သော် steemများထပ်မသုံးချင်သေး၍ လက်ရှိမှာ rss များသာစောင့်ပြီး တင်ဖို့ စိတ်ကူးမိလေသည်။

https://nextcolony.io/

Author-myothuzar,MSC-033

ဂြိုလ်လေးတစ်လုံး | Ecency