Appic ေလးပဲေန႕တိုင္းတင္

Words
179
Reading
1 min
Listen
Play
7y

lcqq9o.png

Photo - Screenshot

ခုတစ္ေလာေတာ့ steemitေပၚမွာ စာေရးျခင္း၊ဂိမ္းကစားျခင္းအျပင္ appic appနဲ႔ ပံုေလးေတြ ပံုမွန္တင္တာ​ေလး​ေတြပါ လုပ္ေနခဲ့သည္။Appic appနဲ႔တင္တဲ့ ပံုေလးေတြရတဲ့ voteတန္ဖိုးက steemit စာမ်က္ႏွာေပၚမွာၾကည့္လ်ွင္ ဘာမွ သိပ္မရေပမဲ့ appic app ေပၚမွာေတာ့ အခ်ိဳ႕ရက္ေတြမွာ 0.3, 0.4ေက်ာ္၊ အခ်ိဳ႕ရက္ေတြမွာ 1$ေက်ာ္ေလာက္ ရတတ္ေလသည္။1 $ ေလာက္ဆိုလ်ွင္ ၇ရက္ျပည့္လ်ွင္ 4 apx ေလာက္ေတာ့ ရပံုရသည္။Appမွာ​ေတာ့ အရင္​ေပါက္ေစ်းနဲ႔တြက္ကာ ေပးပံုရသည္။Appက ခုမွအသစ္ဆိုေတာ့ ေစ်းကြက္နဲ႔အညီ အေျပာင္းအလဲ မလုပ္ႏိုင္ေသး။

Apx က အရင္က 0.3 ေက်ာ္ေလာက္ေတာ့ ေပါက္ေစ်းရိွသည္။အခုေနာက္ပိုင္းေတာ့ ေစ်းေတြက်သြားလိုက္တာ 0.11,0.13 ေလာက္ပဲရိွေတာ့သည္။အစက​ေတာ့ apxေတြအမ်ားႀကီးဝယ္ၿပီး ရင္းႏီွးျမဳပ္ႏံွရမလားေတာင္ စဥ္းစားမိသည္။Appic မွာတစ္ခ်ိဳ႕သူ​ေတြက အမ်ားႀကီးအကုန္အက်ခံကာ ရင္းႏီွးျမဳပ္ႏံွထားသည္လည္း ေတြ႕ရသည္ကိုး။အထူးသျဖင့္ ကိုရီးယားေတြက apx ေတြ အမ်ားႀကီးဝယ္ကာ ရင္းႏွီးျမဳပ္ႏွံထားသည္ကို ေတြ႕ရသည္။

ကိုယ္လည္းအစက ရင္းႏွီးျမဳပ္ႏံွခ်င္ေပမဲ့ ေစ်းက်သြားေတာ့ ပံုမွန္ပံုေလးတင္ကာ apxေလး စုသြားဖို႔ပဲ စဥ္းစားမိသည္။Steem-engine ကေတာ့ အနည္းအပါးသာဝယ္ကာ စုေဆာင္းေတာ့မည္။ဘာပဲျဖစ္ျဖစ္ appic ေလးက ပံုတင္ရံုပဲဆိုေတာ့ လြယ္လြယ္ကူကူ လုပ္ႏိုင္သလို ၊သေဘာေကာင္းေသာ vote အင္အားႀကီးသူတို႔ကလည္း လာvoteေပးတတ္ၾကေတာ့ တင္ရတာ နည္းနည္းေတာ့ ေပ်ာ္စရာေကာင္းပါသည္။ထို႔ေၾကာင့္ appic ေလးေတာ့ ခု ရက္ပိုင္းအတြင္း တစ္ေန႕တစ္ပံုေလာက္ေတာ့ ပံုမွန္တင္ျဖစ္ေနေလသည္။

Unicode

ခုတစ်လောတော့ steemitပေါ်မှာ စာရေးခြင်း၊ဂိမ်းကစားခြင်းအပြင် appic appနဲ့ ပုံလေးတွေ ပုံမှန်တင်တာလေးတွေပါ လုပ်နေခဲ့သည်။Appic appနဲ့တင်တဲ့ ပုံလေးတွေရတဲ့ voteတန်ဖိုးက steemit စာမျက်နှာပေါ်မှာကြည့်လျှင် ဘာမှ သိပ်မရပေမဲ့ appic app ပေါ်မှာတော့ အချို့ရက်တွေမှာ 0.3, 0.4ကျော်၊ အချို့ရက်တွေမှာ 1$ကျော်လောက် ရတတ်လေသည်။1 $ လောက်ဆိုလျှင် ၇ရက်ပြည့်လျှင် 4 apx လောက်တော့ ရပုံရသည်။Appမှာတော့ အရင်ပေါက်ဈေးနဲ့တွက်ကာ ပေးပုံရသည်။Appက ခုမှအသစ်ဆိုတော့ ဈေးကွက်နဲ့အညီ အပြောင်းအလဲ မလုပ်နိုင်သေး။

Apx က အရင်က 0.3 ကျော်လောက်တော့ ပေါက်ဈေးရှိသည်။အခုနောက်ပိုင်းတော့ ဈေးတွေကျသွားလိုက်တာ 0.15,0.17 လောက်ပဲရှိတော့သည်။အစကတော့ apxတွေအများကြီးဝယ်ပြီး ရင်းနှီးမြုပ်နံှရမလားတောင် စဉ်းစားမိသည်။Appic မှာတစ်ချို့သူတွေက အများကြီးအကုန်အကျခံကာ ရင်းနှီးမြုပ်နံှထားသည်လည်း တွေ့ရသည်ကိုး။အထူးသဖြင့် ကိုရီးယားတွေက apx တွေ အများကြီးဝယ်ကာ ရင်းနှီးမြုပ်နှံထားသည်ကို တွေ့ရသည်။

ကိုယ်လည်းအစက ရင်းနှီးမြုပ်နံှချင်ပေမဲ့ ဈေးကျသွားတော့ ပုံမှန်ပုံလေးတင်ကာ apxလေး စုသွားဖို့ပဲ စဉ်းစားမိသည်။Steem-engine ကတော့ အနည်းအပါးသာဝယ်ကာ စုဆောင်းတော့မည်။ဘာပဲဖြစ်ဖြစ် appic လေးက ပုံတင်ရုံပဲဆိုတော့ လွယ်လွယ်ကူကူ လုပ်နိုင်သလို ၊သဘောကောင်းသော vote အင်အားကြီးသူတို့ကလည်း လာvoteပေးတတ်ကြတော့ တင်ရတာ နည်းနည်းတော့ ပျော်စရာကောင်းပါသည်။ထို့ကြောင့် appic လေးတော့ ခု ရက်ပိုင်းအတွင်း တစ်နေ့တစ်ပုံလောက်တော့ ပုံမှန်တင်ဖြစ်နေလေသည်။

Author-myothuzar,MSC-033

Appic ေလးပဲေန႕တိုင္းတင္ | Ecency