This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

H1N1 အကြောင်း တစ်စေ့တစ်စောင်း

Words
460
Reading
3 min
Listen
Play
9y

H1N1 ရောဂါပိုးကူးစက်မှုလျှော့ချပေးနိုင်မည့် mask များအြေ 2/07/2017IMG_20170802_202516.png
Mask ကို မိမိကိုယ်တိုင်တုပ်ကွေးမိနေပြီဆိုလျှင် တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ၊ ဆေးခန်းသွားတဲ့အခါနှင့် အပြင်ထွက်ရတဲ့ အခါတွေမှာ တပ်ဆင်ရပါမယ်။ ဒါမှ ကိုယ့် ဆီကနေ သူများဆီ မကူးစက်နိုင်မှာ ဖြစ်ပါသည်။

H1N1 ရောဂါပိုးကူးစက်မှုလျှော့ချပေးနိုင်မည့် mask များအကြောင်း

============================================

မိမိအိမ်သားတစ်ယောက်ယောက် တုပ်ကွေးဖြစ်နေပြီဆိုလျှင်လည်း အပြင်သွားတဲ့အခါ mask တပ် သွားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ့်မှာ ရောဂါပိုးကူးစက်နေသော်လည်း ရောဂါလက္ခဏာမပြသေးခြင်း ဖြစ်နိုင်ပါသည်။ လူအုပ်ထဲသို့သွားသောအခါ mask တပ်ဆင်ရပါမည်။

ဈေးကွက်မှာရောင်းချနေတဲ့ Masks များမှာ

Surgical Mask

Activated Carbon Mask နှင့်

N95 - N100 Mask ဟူ၍ အမျိုးအစား (၃)မျိုးရှိပါတယ်။

(၁) Surgical Mask ခွဲခန်းသုံးနှာခေါင်းစည်း

အနည်းငယ်လျော့တိလျော့ရွဲနိုင်ပြီး နှာခေါင်းနဲ့မျက်နှာကိုဖုံးအုပ်ပေးပါတယ်။ တချို့ဟာတွေကတော့ ခေါင်းအနောက်မှာစည်းတာ၊ တစ်ချို့ကျတော့ မျော့ကြိုးနဲ့သိုင်းတာ၊ နားမှာစွပ်တာ အစရှိသဖြင့်ရှိပါတယ်။ ဆရာဝန်နဲ့သူနာပြုများအများဆုံးယုံကြည် စိတ်ချစွာအသုံးပြုတဲ့ နှာခေါင်းစည်းလည်းဖြစ်ပြီး ခွဲစိပ်ခန်းတွေမှာ အများဆုံးအသုံးပြုကြပါတယ်။ နောက်ဆုံးလေ့လာတွေ့ရှိချက်များအရ H1N1 ဟာ large droplets လေးတွေကြောင့် ကူးစက်တာဖြစ်ပြီး small droplets တွေကြောင့် မဟုတ်ပါဘူး။ ဒီလို large droplets တွေကြောင့်သာဆိုရင် သာမန် surgical mask တွေကလည်း ကာကွယ် နိုင်ပါတယ်။ ဒီ ခွဲခန်းသုံး နှာစည်းက တစ်ခါသုံးဖြစ်ပြီး ၈နာရီအထိဘဲ အသုံးပြုကာကွယ်နိင်ပါတယ်။ သုံးပြီးတာနဲ့ အမှိုက်ပုံးထဲရောက်အောင် သေချာစွန့်ပစ်ဖို့လိုပါတယ်။

(၂)Activated Carbon Mask

Surgical ခွဲခန်းသုံးနှာခေါင်းစည်းကိုစိတ်မချဘူးဆိုရင် ဒီနှာခေါင်းစည်းကို အသုံးပြူနိုင်ပါတယ်။ဆေးရုံနဲ့ ဓါတ်ခွဲခန်းတွေမှာအသုံးပြုနိင်သလို ရောဂါပျံ့ပွားနိုင်ချေများသောနေရာ နှင့် မီးသတ်သမားတွေလည်း သုံးလေ့ရှိပါတယ်။ ၁ ရက် လောက်အသုံးပြုပြီးရင်တော့ အမှိုက်ပုံးထဲသို့ စွန့်ပစ်လိုက်ပါ။

(၃)N95 Mask

N95 Mask သို့ Respirator သို့ Flu mask ခေါ် တုပ်ကွေးနှင့်တခြားပြင်းထန်ရောဂါပိုးတွေ

မကူးစက်စေရန် ကာကွယ်ပေးသော မျက်နှာဖုံးဖြစ်ပြီး တခြားသော နှာခေါင်းစည်းတွေထက်

ပို အဆင့်မြင့်ပါတယ်။ N95 Respirator တွေကတော့ Facemask တွေလို လျော့တိလျော့ရွဲမဟုတ်ဘဲ မျက်နှာမှာမြဲမြံပါတယ်။အားသာချက်ကတော့ စနစ်တကျတပ်ဆင်ထားမယ်ဆိုရင် Virus ပိုးတွေပါဝင်နိုင်တဲ့ အမှုန်အမွှား မရှုမိဖို့အတွက် 95% ထိကာကွယ်ပေးနိုင်ပါတယ်။ အားနည်းချက်ကတော့ ၂နာရီပြည့်သွားတာနဲ့အသက်ရှုကြပ်လေ့ရှိပါတယ်။သတိထားပြီး ခဏလှပ်ပေးရပါမယ်။ ကလေးငယ်တွေမှာတပ်ဖို့ မသင့်တော်ပါဘူး။ ကွာလတီကောင်းတဲ့ N 95 တွေကတော့ ၃ရက်နဲ့တစ်ပတ် အတွင်း အချိန်နာရီပိုင်းဖြင့်အုပ်ထားလျှင် ရကြောင်း လည်းသိရှိရပါတယ်။ ဝက်တုပ်ကွေး H1N1 မှာ အသုံးပြုဖို့အတွက် FDA က အသိအမှတ်ပြုထားတဲ့ N95 Respirator တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

3M Particulate Respirator 8670F

3M Parti

3M Particulate Respirator 8612F

Pasture Tm F550G Respirator

Pasture Tm A520G Respirator တို့ပဲ ဖြစ်ကြပါတယ်။

mask တပ်ထားတယ် ဆိုပြီးလည်း ပေါ့ဆလို့မရပါဘူး။။ mask မတပ်မခင်မှာ လက်ကိုသေချာ ဆေးသင့်ပါတယ်။ ဝတ်ထားတဲ့အချိန်မှာရော၊ ပြန်ဖြုတ်တဲ့ အချိန်မှာပါ mask ရဲ့ အပြင် ဘက်မျက်နှာစာကို လက်နဲ့မထိအောင် သတိထားသင့်ပါတယ်။တစ်ခါသုံး mask တွေဖြစ်တဲ့အတွက် အသုံးပြုပြီးတာနဲ့ လွင့်ပစ်ပါ။ ပြီးရင် လက်ကို ဆပ်ပြာ သို့ hand gel ဖြင့် စင်ကြယ်စွာဆေးကြောပါ။

culate Respirator 8612F

Sharing
Follow https//steemit.cim/@myominhtay(25)

H1N1 အကြောင်း တစ်စေ့တစ်စောင်း | Ecency